Pages

Monday, May 25, 2015

မြေသားစမ်းသပ်မှု လုပ်ငန်းလိုင်စင်များ ထုတ်ပေးမည်


ရန်ကုန် ၊ ၂၅-၅-၂၀၁၅

၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် မြေသား စမ်းသပ်မှု (Soil Test) လုပ်ငန်းများကို တရားဝင် ထုတ်ပေးမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ)မှ သိရသည်။

မြေသားစမ်းသပ်မှု လုပ်ငန်းလိုင်စင် ထုတ်ပေးရသည့် အဓိက ရည်ရွယ်ချက်မှာ လက်ရှိ မြေသား စမ်းသပ်မှု များကို အလွယ် စမ်းသပ် နေကြသည့် အခါတွင် မြေသား စမ်းသပ်သည့် အချက်အလက် အမှားများနှင့် သာ တင်ပြခြင်းကြောင့် မြေပြင်တွင် အဆောက်အအုံ ဆောက်လုပ်သည့် အခါ ရွဲ့ခြင်း၊ စောင်းခြင်း ဖြစ်ပေါ် စေသောကြောင့် ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ လုပ်ဆောင်ခြင်း သည် မြေသား စမ်းသပ်မှု လုပ်ငန်းများကို ထိထိ ရောက်ရောက် အရေးယူ ဆောင်ရွက်နိုင်ရန် လိုင်စင် ထုတ်ပေးခြင်း ဖြစ်ကြောင်း၊ Soil Test လိုင်စင် ယူမည့်သူသည် CQHP အထပ်မြင့် ကော်မတီ ၏ ဓာတ်ခွဲခန်း၊ လိုအပ်သည့် တွင်းတူး ကိရိယာ ပစ္စည်း၊ ကျွမ်းကျင် လုပ်သား၊ မြေသားလုပ်ငန်း အတွေ့အကြုံများ ရှိရမည် ဖြစ်သည်။

တခြား လိုအပ်သည့် အချက်အလက် များကိုလည်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ) တွင် စုံစမ်းနိုင်ကြောင်း သိရသည်။

လိုင်စင် ထုတ်ပေးပြီးပါက Soil Test လုပ်ငန်းအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှု မရှိသည့် ကုမ္ပဏီများကို သတိပေးခြင်း၊ လုပ်ငန်း ခြောက်လ ပိတ်ခြင်း၊ တစ်နှစ် ပိတ်ခြင်းနှင့် ရာသက်ပန် ပိတ်သိမ်းခြင်း များကို ပြစ်မှုပေါ် မူတည်၍ ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

မြေသား စမ်းသပ်မှု လုပ်ငန်းအပြင် ပိုင်ရိုက်သည့် လုပ်ငန်းများ ကိုပါ လိုင်စင် ထုတ်ပေးမည် ဖြစ်ပြီး ပိုင်ရိုက်သည့် ကုမ္ပဏီများ၏ ပေါ့ဆမှုကြောင့် ဘေးထွက် ဆိုးကျိုးများ ရှိနိုင်သော ပိုင်ရိုက်သည့် ကုမ္ပဏီများကို လိုင်စင်ဖြင့် ဆောင်ရွက် ပေးခြင်း ဖြစ်ကြောင်း၊ ပိုင်ရိုက်သည့် ကုမ္ပဏီများ အနေဖြင့်လည်း လိုင်စင် ထုတ်ယူပြီး ပြစ်မှု ကျူးလွန်ပါက လုပ်ငန်း ခြောက်လ ပိတ်သိမ်းခြင်း စသည့် ပြစ်ဒဏ်များ ချမှတ်မည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment