Pages

Thursday, May 28, 2015

ကမ္ဘာလုံးဆိုင်ရာ ဘွဲ့လက်မှတ်အတုများ ထုတ်လုပ်သည့် စက်ရုံတစ်ရုံကို လုံခြုံရေး တပ်ဖွဲ့ဝင်များက စီးနင်း



အစ္စလာမ္မာဘတ် ၊ ၂၈-၅-၂၀၁၅

ပါကစ္စတန် အာဏာပိုင်များသည် နိုင်ငံအတွင်းရှိ ကမ္ဘာလုံးဆိုင်ရာ ဘွဲ့လက်မှတ် အတုများ ထုတ်လုပ်သည့် စက်ရုံတစ်ရုံကို ယမန်နေ့တွင် စီးနင်းဝင်ရောက် ခဲ့ပြီး ယင်းစက်ရုံမှ ခေါင်းဆောင်ကို ဖမ်းဆီး နိုင်ခဲ့ကြောင်း သိရသည်။

ပါကစ္စတန် လုံခြုံရေး တပ်ဖွဲ့ဝင် များသည် ကရာချိမြို့ရှိ စာရွက်စာတမ်း အတု ပြုလုပ်သည့် အဖွဲ့၏ ဌာနချုပ်ကို စီးနင်းခဲ့ခြင်း ဖြစ်ပြီး ယင်းနောက် အမှတ် ဖော်ပြထားခြင်း မရှိသည့် ဒီပလိုမာ လက်မှတ်အတု ထောင်ပေါင်း များစွာကို သိမ်းဆည်းရမိ ခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့သည် အဆိုပါ စီးနင်းမှုအတွင်း အဓိက ကျသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သော အမှုဆောင် အရာရှိ ရှောင်အစ်အာမက်ရှိတ် ကို ဖမ်းဆီး နိုင်ခဲ့ပြီး ကတ်များကိုပါ သိမ်းဆည်း ရမိခဲ့ကြောင်း အာဏာပိုင် များက ပြောကြား ခဲ့သည်။

ပါကစ္စတန် အစိုးရသည် နယူးယောက်တိုင်းမ် သတင်းစာတွင် ဖော်ပြထားသော ဘွဲ့လက်မှတ် အတု ပြုလုပ်သည့် ဂိုဏ်းများကို ရှာဖွေ ဖော်ထုတ်စဉ် ၄င်းတို့ကို ဖမ်းဆီးရမိ ခဲ့ခြင်းဖြစ်ပြီး အဆိုပါ စာရွက်စာတမ်း အတု လုပ်သူများကို အရေးယူ သွားမည် ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment