Pages

Monday, May 11, 2015

ပြည်တွင်း၌ တပ်ဆင်အသုံးပြုရန် မြေငလျင်တိုင်းတာစက်များ ပြည်ပမှ ထပ်မံဝယ်ယူမည်



ရန်ကုန် ၊ ၁၁-၅-၂၀၁၅

မြေငလျင် တိုင်းတာစက် များကို ပြည်တွင်း ရှိ နေရာဒေသ အနှံ့အပြားတွင် တပ်ဆင် အသုံးပြုရန် ပြည်ပနိုင်ငံ များမှ ငလျင် တိုင်းတာသည့် စက်အသစ်များ ထပ်မံဝယ်ယူ သွားမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ မြေငလျင် တိုင်းတာစက် အသစ်များကို ၂ဝ၁၅ - ၂ဝ၁၆ ဘဏ္ဍာနှစ် အတွင်း နိုင်ငံခြားမှ မှာယူ တင်သွင်းရန် စီစဉ်ထားခြင်း ဖြစ်ပြီး ပြည်ပနိုင်ငံမှ ကျွမ်းကျင် ပညာရှင်များ၏ အကူအညီဖြင့် သင့်လျော်သော နေရာဒေသ များကို ရွေးချယ်ကာ ငလျင်တိုင်းတာ စက်များ တပ်ဆင်သွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ မြေငလျင်တိုင်းတာ စက် ၁၂ လုံးသာ ရှိပြီး နိုင်ငံ အနှံ့အပြားတွင် စုစုပေါင်း မြေငလျင် တိုင်းတာစက် အလုံး ၅ဝ နီးပါးအထိ တပ်ဆင် ထားရှိရန် လိုအပ်သောကြောင့် ယခုကဲ့သို့ စက်အသစ်များ ထပ်မံဝယ်ယူ တပ်ဆင်ရန် စီစဉ် ဆောင်ရွက်ရခြင်း ဖြစ်ကြောင်းနှင့် ပြည်ပနိုင်ငံ များတွင် မြေငလျင် တိုင်းတာစက်များ အလုံး ရာနှင့်ချီကာ တပ်ဆင်လျက် ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ ငလျင် ဘေးအန္တရာယ်နှင့် ပတ်သက်၍ အဓိကထား စောင့်ကြည့် နေရသော စစ်ကိုင်း ပြတ်ရွေ့ကြော ဖြတ်သန်းသည့် နေရာဒေသ များ၌ ယခင်က မြေငလျင် တိုင်းတာစက် လေးလုံး တပ်ဆင်ထားရာမှ ယခုအခါ နောက်ထပ် အဆင့်မြင့် ငလျင် တိုင်းတာစက် လေးလုံး ထပ်မံတိုးမြှင့် တပ်ဆင်ကာ စောင့်ကြည့် လေ့လာလျက်ရှိပြီး ၄င်းစက်များမှ ရရှိလာသော မြေမျက်နှာပြင် အနေအထား ရွေ့လျား ပြောင်းလဲမှု ဆိုင်ရာ အချက်အလက် များကို ပြည်ပ တက္ကသိုလ်များမှ ကျွမ်းကျင် ပညာရှင်များထံ သို့ပေးပို့ကာ အမြဲမပြတ် ဂရုစိုက် လေ့လာ မှတ်တမ်းတင်လျက် ရှိကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily

No comments:

Post a Comment