Pages

Tuesday, May 26, 2015

တက္ကသိုလ်ဝင်တန်း စားမေးပွဲ အောင်စာရင်းကို ပညာရေးဝန်ကြီးဌာန၏ အင်တာနက် ၀က်ဆိုက် နှင့် ပုံနှိပ်စာရွက် ကပ်ခြင်းတို့ဖြင့် တစ်ပြိုင်နက် ထုတ်ပြန်မည်


ရန်ကုန် ၊ ၂၆-၅-၂၀၁၅

၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်းကို ဇွန် ၆ ရက်တွင် ထုတ်ပြန် ကြေညာမည် ဖြစ်ပြီး ယင်း အောင်စာရင်းများ ထုတ်ပြန် ကြေညာခြင်း ကို ပညာရေး ဝန်ကြီးဌာနမှ အင်တာနက် ဝက်ဘ်ဆိုက်နှင့် ပုံနှိပ်စာရွက် ကပ်ခြင်းတို့ဖြင့် သတ်မှတ်ရက်တွင် တစ်ပြိုင်နက် ထုတ်ပြန် ကြေညာ သွားမည် ဖြစ်ကြောင်း သိရသည်။

တက္ကသိုလ်ဝင်တန်း အောင်စာရင်း ထုတ်ပြန်ရာတွင် အောင်စာရင်း ထုတ်ပြန်သည့် နေရာကို လုံခြုံရေး ကိစ္စများ စီမံ ထားနိုင်ရေး သက်ဆိုင်ရာ မြို့နယ် ပညာရေးမှူး များက မြို့နယ် အုပ်ချုပ်ရေးမှူး များထံသို့ အကြောင်းကြား သတင်းပို့ပြီး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

နှစ်စဉ် တက္ကသိုလ်ဝင်တန်း အောင်စာရင်း ထွက်သည့်နေ့ ညသန်းခေါင် တွင် အောင်စာရင်း ကြည့်ရန်လာသော ကျောင်းသားများနှင့် မိဘများသည် သက်ဆိုင်ရာ ကျောင်းများသို့ သွား၍ အောင်စာရင်း ကပ်သည့် နေရာတွင် စုမိရာက အောင်စာရင်း ကပ်သည့် ဆရာများနှင့် လာရောက် ကြည့်ရှုသူများ ရှုပ်နေသောကြောင့် အနှောင့်အယှက် ဖြစ်ရသည့် အတွက် ပညာရေးဝန်ကြီး ဌာန ဝက်ဘ်ဆိုက် မှ တစ်ဆင့် ကြိုတင် ထုတ်လွှင့် ထားခြင်း၊ ဒစ်ဂျစ်တယ်  ဆော့ဖ်ဝဲလ် များနှင့် ဖြန့်ထားခြင်းများ လုပ်ပါက အဆင်ပြေမည် ဖြစ်ကြောင်း သိရသည်။

ယခုနှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်းများ ထုတ်ပြန်ရာတွင် ပညာရေးဝန်ကြီး ဌာန ဝက်ဘ်ဆိုက် နှင့် ပုံနှိပ် ထုတ်ဝေခြင်း များကို သတ်မှတ်ရက် တွင် တစ်ပြိုင်နက် ကြေညာ သွားမည်ဖြစ်ပြီး သတ်မှတ်ရက်ထက် စော၍ ထုတ်ပြန်ပေးရန် အစီအစဉ် မရှိကြောင်း ပညာရေး ဝန်ကြီးဌာနမှ သိရသည်။

ဆုလာဘ်

#Themyawadydaily

No comments:

Post a Comment