Pages

Tuesday, May 26, 2015

ကွန်ပျူတာသုံး မြန်မာယူနီကုတ်စနစ် အောင်မြင်စွာ အကောင်အထည်ဖော် နိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ


ရန်ကုန် ၊ ၂၆-၅-၂၀၁၅

ပညာရေး ဝန်ကြီးဌာန မြန်မာစာနှင့် ဘာသာစကား ပညာရေး ဦးစီးဌာန နှင့် မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်မှ တာဝန်ရှိ သူများ၏ ကွန်ပျူတာသုံး မြန်မာ ယူနီကုတ်စနစ် အောင်မြင်စွာ အကောင် အထည်ဖော် နိုင်ရေး ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁ဝ နာရီတွင် ရန်ကုန်မြို့ တက္ကသိုလ်စိန်ရတု ခန်းမ၌ ကျင်းပသည်။

အဆိုပါ အစည်းအဝေး တွင် မြန်မာ ယူနီကုတ်စံစနစ် နှင့် ကိုက်ညီသော မြန်မာစာဖောင့် များနှင့် ကွန်ပျူတာ စနစ်များ တွင်ကျယ်စွာ အသုံးပြု နိုင်ရေးကို ဆွေးနွေး ညှိနှိုင်းကြသည်။ အပြည်ပြည်ဆိုင်ရာ ISO စံ သတ်မှတ်ရေး အဖွဲ့က မြန်မာအက္ခရာ အသီးသီး အတွက် ယူနီကုတ် စံသတ်မှတ်ချက် များကို ချမှတ်ပေးပြီး ဖြစ်ကာ မြန်မာစာနှင့် တိုင်းရင်းသား စာပေများ အတွက် အပြည်ပြည် ဆိုင်ရာ ယူနီကုတ် ဇယားတွင် နေရာ ၁၈ဝ ကျော် သတ်မှတ် ပေးအပ်ထားပြီး ဖြစ်သည်။

သို့ဖြစ်၍ ကွန်ပျူတာသုံး မြန်မာစာစနစ် အတွက် လိုအပ်သော စံများ သတ်မှတ်နိုင်ရေး၊ မြန်မာစာနှင့် တိုင်းရင်းသား ဘာသာစကားများ ပါဝင် လာနိုင်စေရေး၊ ဝန်ကြီးဌာန စီးပွားရေး အဖွဲ့အစည်း များနှင့် ပြည်သူများ အကြား နိုင်ငံတကာ အသိအမှတ်ပြု ထားသော စံများကို တစ်ပြေးညီ လိုက်နာကျင့်သုံး လာနိုင်ရေး အတွက် သက်ဆိုင်သူများ ပါဝင်သည့် ညီလာခံကို ဆက်လက် ကျင်းပနိုင်ရန် ညှိနှိုင်းေ ဆွးနွေး ခဲ့ကြကြောင်း သိရှိရသည်။

(ပညာရေး)

#Themyawadydaily

No comments:

Post a Comment