Pages

Tuesday, May 26, 2015

နိုင်ငံတကာအဆင့်မီ ငါးဖမ်းသင်္ဘောများ တည်ဆောက်လိုပါက ဒီဇိုင်းပုံစံနှင့်အတူ တင်ပြေ လျှောက်ထားနိုင်



ရန်ကုန် ၊ ၂၆-၅-၂၀၁၅

မြန်မာ့ ပင်လယ်ပြင်တွင် ပင်လယ် ငါးဖမ်းလုပ်ငန်း လုပ်ကိုင် ဆောင်ရွက်နေသော ကမ်းဝေးငါးဖမ်း စက်လှေ ပိုင်ရှင်များ အနေဖြင့် မိမိတို့၏ သစ်သားကိုယ်ထည် ငါးဖမ်းရေယာဉ် များကို ပယ်ဖျက်ကာ သံခွံကိုယ်ထည် အဖြစ် အီးယူ သတ်မှတ်ချက် စံချိန်စံညွှန်း များနှင့်အညီ နိုင်ငံတကာ အဆင့်မီ ငါးဖမ်းရေယာဉ် များအဖြစ် အစားထိုး တည်ဆောက် လိုပါက မြန်မာနိုင်ငံ ပင်လယ်ငါးဖမ်း လုပ်ငန်းရှင်များ အသင်း၊ တိုင်းဒေသကြီး များနှင့် ပြည်နယ် ငါးလုပ်ငန်း အဖွဲ့ချုပ် တို့၏ ထောက်ခံချက် များနှင့် မွေးမြူရေး၊ ရေလုပ်ငန်း နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန သို့ တင်ပြ လျှောက်ထား နိုင်ကြောင်း အဆိုပါ ဝန်ကြီးဌာန ၏ ထုတ်ပြန်ချက် များအရ သိရသည်။

ထိုသို့ တင်ပြ လျှောက်ထားရာတွင် ထပ်မံ တည်ဆောက် လိုသည့် ငါးဖမ်း ရေယာဉ်၏ ဒီဇိုင်းပုံစံ ကိုပါ ပူးတွဲတင်ပြ ရမည် ဖြစ်သည်။ မြန်မာ့ ပင်လယ်ပြင်တွင် ပင်လယ်ငါး၊ ပုစွန်များကို ဖမ်းယူနေသည့် ပင်လယ်ငါးဖမ်း ရေယာဉ်များသည် ပင်လယ်ပြင်တွင် လုပ်ငန်း လုပ်ကိုင် ဆောင်ရွက်နေစဉ် ပင်လယ်လှိုင်း လုံးများ၏ ရိုက်ပုတ်မှုဒဏ်၊ မိုးသက်မုန်တိုင်း တိုက်ခတ်မှုဒဏ်၊ လုပ်ငန်းခွင် ထိခိုက်မှုဒဏ် နှင့် ပင်လယ်ဒီရေ ၏ အငန်ဓာတ် များကြောင့် ပျက်စီး ယိုယွင်းမှုများ ဖြစ်လာသဖြင့် ပြန်လည် ပြင်ဆင် ဆောင်ရွက်မှုများ ပြုလုပ်ကြ ရသည်။ တစ်ခါတစ်ရံ ငါးဖမ်းစက်လှေ တစ်စင်းလုံးကို အသစ်ပြန်လည် တည်ဆောက်ကြ ရသည်။ ထိုသို့ အကြီးစား ပြန်လည် တည်ဆောက် ခြင်းများ လုပ်ကိုင် ဆောင်ရွက်ရာ တွင် တန် ၁ဝဝ ရှိ သစ်သား ကိုယ်ထည် ငါးဖမ်းစက်လှေ တစ်စင်းကို ထပ်မံ တည်ဆောက်မည် ဆိုလျှင်သစ်သား တန် ၁ဝဝ လိုအပ်လာမည် ဖြစ်သည်။ လက်ရှိ သစ်ဈေးနှုန်း ပေါက်ဈေး များအရ သစ်သား တစ်တန်လျှင် ငွေကျပ် ၁၈ သိန်းခန့် ပေါက်ဈေးရှိ သဖြင့် ကုန်ကျစရိတ် အလွန်များပြား လာမည် ဖြစ်သည်။

အဆိုပါ ပင်လယ် ငါးဖမ်းစက်လှေ များကို သံကိုယ်ထည် အဖြစ် ပြောင်းလဲ တည်ဆောက်မည် ဆိုလျှင် ငါးဖမ်းစက်လှေ တည်ဆောက်ရန် လိုအပ်သော သံပြားများကို အလွယ်တကူ ဝယ်ယူရရှိ နိုင်ခြင်း၊ သံပြား တစ်တန်လျှင် ငွေကျပ် ခုနစ်သိန်း ခန့်သာ ပေါက်ဈေးနှုန်း ရှိသဖြင့် သစ်သားနှင့် တည်ဆောက် ခြင်းထက် ကုန်ကျစရိတ် များစွာ သက်သာ စေခြင်း၊ ပေါ့ပါး၍ ကြံ့ခိုင်မှု ရှိကာ ကြာရှည် အသုံးပြု နိုင်ခြင်း၊ ပင်လယ်ပြင် အန္တရာယ် လုံခြုံမှု ရှိစေခြင်း၊ စသည့် အားသာချက် အကျိုးတရား များကို ခံစားရရှိ နိုင်မည် ဖြစ်ကြောင်း သိရသည်။ (၃၃၆)

#Yadanarpondaily

No comments:

Post a Comment