Pages

Monday, May 4, 2015

၂၀၃၀ ပြည့်နှစ်ရောက်လျှင် ကမ္ဘာပေါ်ရှိ သစ်တောကြီးများ ပြုန်းတီးမှု အဆိုးရွားဆုံး အနေအထား ရောက်ရှိနိုင်ကြောင်း သတိပေး



လန်ဒန် ၊ ၄-၅-၂၀၁၅

ဖြည်းဖြည်းချင်း ယုတ်လျော့ လာခဲ့သော ကမ္ဘာ့ သစ်တောကြီး များကြောင့် လာမည့် ၂ဝ၃ဝ ပြည့်နှစ် ရောက်လျှင် ဂျာမနီ၊ ပြင်သစ်၊ စပိန်နှင့် ပေါ်တူဂီ လေးနိုင်ငံ၏ ဧရိယာ အကျယ်အဝန်း နှင့် ညီမျှသော ဧရိယာ စတုရန်းဧက သန်းပေါင်း ၄၂ဝ ခန့်ထိ သစ်တော ပြုန်းတီးမှုကြီး တွေ့မြင် လာရဖွယ် ရှိကြောင်း World Wide Fund For Nature (WWF) အဖွဲ့ကြီးက ကြိုတင် သတိပေး လိုက်သည်။

သစ်တော ပြုန်းတီမှု ကြီးသည် ကမ္ဘာတစ်ဝန်း ၁၁ နေရာတွင် ဖြစ်ပွားဖွယ် ရှိကြောင်း ကြေညာ သွားသည်။
  • ၁။ အမေဇုန်သစ်တောကြီး
  • ၂။ အတ္တလန္တိတ် ဒေသဝန်းကျင်နှင့် Gran Chaco ဒေသမှ သစ်တောကြီး
  • ၃။ တောင်အာဖရိက တိုက်ရှိ Cerrado သစ်တောကြီး
  • ၄။ အမေရိကန် အလယ်ပိုင်း ဒေသမှ Chaco Darien သစ်တောကြီး
  • ၅။ ကွန်ဂိုမြစ်ဝှမ်း ဒေသမှ သစ်တောကြီး
  • ၆။ အရှေ့အာဖရိကမှ သစ်တောကြီး
  • ၇။ အရှေ့သြစတြေးလျ မှ သစ်တောကြီး
  • ၈။ အရှေ့တောင် အာရှ မဲခေါင်သစ်တောကြီး
  • ၉။ ဘော်နီယို သစ်တောကြီး
  • ၁ဝ။ နယူးဂီနီ သစ်တောကြီး
  • ၁၁။ စူမာတြား သစ်တောကြီး တို့ ဖြစ်သည်။

သစ်တောကြီးများ ပြုန်းတီး လာခြင်းကြောင့် စူမာတြား လူဝံကြီးများ နှင့် ကျားသတ္တဝါ တို့အတွက် ရှင်သန် နေထိုင်ရေး ပျောက်ကွယ်ဖွယ် ရှိခြင်း၊ လယ်ယာ လုပ်ငန်းကြီး များနှင့် မွေးမြူရေး လုပ်ငန်းများ ထိခိုက်လာခြင်း၊ ဆီအုန်းနှင့် ပဲပိစပ် စိုက်ပျိုးရေးတွင် ဆုံးရှုံးမှုများ ရှိလာခြင်းနှင့် တစ်ပိုင်တစ်နိုင် လယ်ယာ လုပ်ငန်းများပါ ပျက်စီး ပျောက်ကွယ် သွားဖွယ် ရှိကြောင်း WWF ၏ စစ်တမ်းက ဖော်ပြထားသည်။

ထို့ပြင် သစ်ထုတ်လုပ်ရေး နှင့် အိမ်သုံးထင်း ရှားပါးလာဖွယ် ရှိကြောင်း သတိပေးထားပြီး သတ္တု တူးဖော်ရေး၊ ဆောက်လုပ်ရေး လုပ်ငန်းများ၊ ရေအားလျှပ်စစ် စက်ရုံကြီးများ အတွက် ထိခိုက် ပျက်စီးမှုများ ကြုံတွေ့ဖွယ် ရှိသည်။ သို့ဖြစ်၍ WWF အဖွဲ့ကြီးက မလိုလား ဖွယ်သော အဖြစ်အပျက်များ မဖြစ်ပွားမီ ကြိုတင် ကာကွယ်ရေးများ လုပ်ကိုင်ကြရန် တောင်းဆို ထားရှိသည်။

သစ်တောကြီး များသည် လူသားတို့က ထုတ်လုပ်သော မလိုလား အပ်သော ကာဗွန်ဒိုင် အောက်ဆိုဒ် ဓာတ်ငွေ့ကို အကြီးမားဆုံး စုပ်ယူနိုင်သော သဘာဝ၏ လက်ဆောင်ကြီး ဖြစ်ကြောင်းနှင့် သစ်တောကြီး များကြောင့် သောက်သုံးရေ စိတ်ချရခြင်း၊ သစ်လုံးများ ရရှိစေခြင်း နှင့် သက်ရှိ သတ္တဝါ မျိုးစုံ သန်းပေါင်းများစွာ တို့အတွက် မှီခို အားထားရာ ဒေသကြီး ဖြစ်ကြောင်း ရှင်းလင်း တင်ပြထားသည်။ ကမ္ဘာ့ ရာသီဥတု ပြောင်းလဲမှုကို အကောင်းဆုံး တုံ့ပြန်နိုင်သော အရာမှာ ကမ္ဘာ့ သစ်တောကြီး များသာ ဖြစ်ကြောင်း ဗြိတိန်နိုင်ငံမှ  သစ်တော ပညာရှင် ဝယ်လ်အက်ရှလီ ကန်တီလို က ရှင်းပြကြောင်း သိရသည်။

ကေကေ

#Yadanarpondaily

No comments:

Post a Comment