Pages

Friday, May 29, 2015

Bangkok Bank ရန်ကုန်မြို့၌ ဘဏ်ခွဲဖွင့်လှစ်ပြီး ဘဏ်လုပ်ငန်းဆိုင်ရာများ ဝန်ဆောင်မှု ပေးသွားရန်စီစဉ်ထား



ရန်ကုန် ၊ ၂၉-၅-၂ဝ၁၅

ထိုင်းနိုင်ငံ၏ နာမည်ကြီး ဘဏ်လုပ်ငန်း တစ်ခုဖြစ်သည် ဗန်ကောက်ဘဏ် သည် ယခုနှစ် ဇွန် ၂ ရက်တွင် ရန်ကုန်မြို့၌ ဘဏ်ခွဲဖွင့်လှစ်ပြီး ဘဏ်လုပ်ငန်း ဆိုင်ရာများကို ဝန်ဆောင်မှု ပေးသွားရန် စီစဉ်ထားကြောင်း သိရသည်။

''မြန်မာနိုင်ငံမှာ ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်ကို ၂ဝ၁၄ ခုနှစ် ကတည်းက ရရှိ ခဲ့တာပါ။ ဒါပေမဲ့ မြန်မာနိုင်ငံ အတွင်းမှာ ဘဏ်ခွဲဖွင့်ဖို့ အတွက် တခြားအရာ တွေကို ပြင်ဆင် နေရလို့ ဇွန် ၂ ရက်မှ ဘဏ်ခွဲကို ဖွင့်ဖြစ်မှာပါ။ ဘဏ်ခွဲ စဖွင့်တာနဲ့ ငွေကြေးဆိုင်ရာ ဝန်ဆောင်မှု တွေကို အပြည့်အဝ ဝန်ဆောင်မှု ပေးဖို့ စီစဉ်ထား ပါတယ်'' ဟု ဗန်ကောက်ဘဏ် ၏ ဥက္ကဋ္ဌ Chartsiri Sophonpanich က ပြောသည်။

ရန်ကုန်မြို့၌ ဖွင့်လှစ်မည့် ဗန်ကောက်ဘဏ် ၏ ဘဏ်ခွဲတွင် ချေးငွေ ထုတ်ချေးပေးခြင်း၊ နိုင်ငံတကာ ဘဏ်များနှင့် ချိတ်ဆက်ပြီး ငွေစုပေးခြင်း စသည့် လုပ်ငန်းများကို ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း၊ ရန်ကုန်မြို့၌ ဘဏ်ခွဲ ဖွင့်လှစ်ရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်တွင် အမေရိကန် ဒေါ်လာ ၇၅ သန်း စပေါ်တင် ထားရကြောင်း သိရသည်။

ဗန်ကောက်ဘဏ် ရုံးခွဲ၌ ထိုင်းနိုင်ငံမှ ဘဏ်လုပ်ငန်း ကျွမ်းကျင်သူ များနှင့် မြန်မာနိုင်ငံမှ ဝန်ထမ်းများအား အလုပ်ခန့်အပ် သွားမည်ဖြစ်ကြောင်း၊ ဗန်ကောက်ဘဏ် သည် မြန်မာနိုင်ငံ အပါအဝင် တခြား အာဆီယံ နိုင်ငံတချို့ ၌လည်း ဘဏ်ခွဲများ ဖွင့်လှစ်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံ အတွင်း၌ ဖွင့်လှစ်မည့် ဗန်ကောက်ဘဏ် ၏ ဘဏ်ခွဲသည် ၄င်းတို့ ဘဏ်မှတစ်ဆင့် နိုင်ငံတကာမှ စီးပွားရေး လုပ်ငန်းရှင် များအား မြန်မာနိုင်ငံ အတွင်း ရင်းနှီးမြှုပ်မှုများ ပြုလုပ်ရန် ဖိတ်ခေါ် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မင်းသော်တာလွင်

#Themyawadydaily

No comments:

Post a Comment