Pages

Friday, May 29, 2015

မြန်မာ့စိန်တလုံးသရက်သီး များကို ဒိန်းမတ်နိုင်ငံမှ တန်ချိန် ၅၀၀၀ ခန့်ဝယ်ယူရန် ကမ်းလှမ်း



ရန်ကုန် ၊ ၂၉-၅-၂၀၁၅

ပြည်ပဈေးကွက်၌ နာမည် ရလာပြီ ဖြစ်သော မြန်မာ့ သရက်သီး မျိုးရင်း စိန်တစ်လုံး သရက်သီး များကို ဒိန်းမတ်နိုင်ငံ ရှိ အစားအသောက် ထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုမှ တန်ချိန် ၅ဝဝဝ ခန့် ဝယ်ယူရန် ကမ်းလှမ်း ထားကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများ အသင်းမှ သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံမှ စိုက်ပျိုး ထွက်ရှိသော စိန်တစ်လုံး သရက်သီး များကို ပြည်ပ နိုင်ငံများသို့ တင်ပို့မှုများ ရှိသော်လည်း စင်ကာပူ၊ ထိုင်းနှင့် တရုတ်နိုင်ငံ တို့မှ အများဆုံး ဝယ်ယူနေခြင်း ဖြစ်ပြီး တခြားသော အာရှနိုင်ငံများ သို့လည်း တင်ပို့ ရကြောင်းနှင့် ဥရောပနိုင်ငံ တစ်နိုင်ငံမှ မြန်မာ့ သရက်သီး များကို ဝယ်ယူရန် ကမ်းလှမ်း လာခြင်းသည် ပထမဆုံး အကြိမ် ဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ေ ရာင်းချသူများ အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

စင်ကာပူ၊ ထိုင်းနှင့် တရုတ်နိုင်ငံ တို့မှ အများအားဖြင့် ဝယ်ယူသော မြန်မာ့ သရက်သီး မျိုးရင်းများမှာ စိန်တစ်လုံး၊ ရွှေဟင်္သာ နှင့် ပတ္တမြား ငမောက် စသည်တို့ ဖြစ်ကြပြီး ယမန်နှစ် ကလည်း မြန်မာနိုင်ငံမှ အော်ဂဲနစ် နည်းပညာဖြင့် စိုက်ပျိုး ထွက်ရှိသော ရင်ကွဲ သရက်သီးများကို ပါကစ္စတန်နိုင်ငံ မှ အများအပြား ဝယ်ယူခဲ့ကြောင်း သိရသည်။

စိန်တစ်လုံး သရက်သီး များကို ပြည်ပသို့ တင်ပို့ရာတွင် တစ်လုံးလျှင် ၂၅ဝ ဂရမ်မှ ၃ဝဝ ဂရမ်အကြား အလေးချိန် ရှိသော စိန်တစ်လုံး သရက်သီး တစ်တန်လျှင် မြန်မာငွေကျပ် ရှစ်သိန်းမှ ၁ဝ သိန်းအထိ ရရှိကြောင်းနှင့် တစ်လုံးလျှင် ၃၅ဝ ဂရမ်မှ ၅ဝဝ ဂရမ်အထိ အလေးချိန် ရှိသော စိန်တစ်လုံး သရက်သီး တစ်တန်လျှင် ငွေကျပ် ၁ဝ သိန်းမှ ၁၃ သိန်းကျော် အထိ ဈေးရရှိကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily

No comments:

Post a Comment