Pages

Friday, April 3, 2015

လာမည့်ပညာသင်နှစ်တွင် အခြေခံပညာ ကျောင်းသား ကျောင်းသူများကို ပုံနှိပ်စာအုပ်များ အခမဲ့ ပေးမည်



ရန်ကုန် ၊ ၃-၄-၂၀၁၅

နိုင်ငံတော်တွင် အကောင်အထည် ဖော်လျက်ရှိသော အခမဲ့ ပညာရေးစနစ်ကို တိုးမြှင့် ဆောင်ရွက်သည့် အနေဖြင့် ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ် တွင် နိုင်ငံတစ်ဝန်း လုံးရှိ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများ
အားလုံးကို ကျောင်းသုံး ပုံနှိပ်စာအုပ်များ အခမဲ့ ပေးဝေသွားမည် ဖြစ်ကြောင်း သိရသည်။

ပညာရေး ဝန်ကြီးဌာန အနေဖြင့် အခမဲ့ ပညာရေး စနစ်ကို အကောင် အထည်ဖော် ဆောင်ရွက်ရာ၌ ၂ဝ၁၁-၂ဝ၁၂ ပညာသင်နှစ် တွင် အခမဲ့ မူလတန်း ပညာရေး စနစ်ကို လည်းကောင်း၊ ၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ်တွင် အခမဲ့ အလယ်တန်း ပညာရေး စနစ်ကို လည်းကောင်း စတင် ဆောင်ရွက် ခဲ့ပြီးနောက် ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ်တွင် အခမဲ့ အထက်တန်း ပညာရေး စနစ်ကို ဆက်လက် အကောင်အထည် ဖော်ရန် စီစဉ် ထားခြင်းဖြစ်သည်။

ထိုသို့ စီစဉ်ဆောင်ရွက် ရာတွင် လာမည့် ပညာသင်နှစ် ၌ မူလတန်း ကျောင်းသား၊ ကျောင်းသူများ အတွက် ကျောင်းသုံး ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ် ခြောက်အုပ်နှင့် ကျောင်းဝတ်စုံ တစ်စုံစီကို နိုင်ငံတော်မှ ပံ့ပိုးပေးမည် ဖြစ်ပြီး အလယ်တန်းနှင့် အထက်တန်း ကျောင်းသား၊ ကျောင်းသူများ အတွက် ကျောင်းသုံးပုံနှိပ် စာအုပ်များကို အခမဲ့ ဖြန့်ဝေသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပံ့ပိုးမှု အစီအစဉ်ကို နိုင်ငံတစ်ဝန်း လုံးရှိ မူလတန်း ကျောင်းသား ၅ သန်းကျော်၊ အလယ်တန်း ကျောင်းသား ၂ ဒသမ ၈ သန်းကျော် နှင့် အထက်တန်း ကျောင်းသား ၈ သိန်းကျော်တို့ အတွက် စီစဉ်ဆောင်ရွက် ပေးသွားမည့် အပြင် အခြေခံပညာ ကျောင်းတစ်ကျောင်း လျှင် တစ်နှစ်စာ ပံ့ပိုးကြေး အဖြစ် ငွေကျပ်ရှစ်သိန်းမှ ငွေကျပ် ၁၆ သိန်းအထိ ပေးအပ်မည့် အစီအစဉ် သစ်ကို လာမည့် ပညာသင်နှစ်မှ စတင်ကာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily

No comments:

Post a Comment