Pages

Friday, April 3, 2015

ကိုယ်ဝန်ဆောင်များ ထောပတ်သီး စားသုံးခြင်းဖြင့် သန္ဓေသားနှင့် အမြှေးပါးဖွံ့ဖြိုးစေနိုင်



ဂူဂူး

ထောပတ်သီးတွင် လူ့ခန္ဓာကိုယ် အတွက် ကောင်းကျိုး ဖြစ်စေသော ဗီတာမင်ဓာတ် များစွာ ပါဝင်နေသည့် အတွက် ကိုယ်ဝန်ဆောင် မိခင်များ ထောပတ်သီး စားသုံးပေး ခြင်းဖြင့် မိမိ၏ သန္ဓေသားကို ဖွံ့ဖြိုးစေနိုင်ပြီး သန္ဓေသား အမြှေးပါး ဖွံ့ဖြိုး စေနိုင်သောကြောင့် စားသုံးပေး သင့်ကြောင်း သားဖွားမီးယပ် ဆိုင်ရာ အထူးကု ဆရာဝန် တစ်ဦးက အကြံပြု ပြောကြားသည်။

ကိုယ်ဝန်ဆောင် မိခင်များ အနေဖြင့် မိမိ ရင်သွေးငယ်များ ကျန်းမာ ကြံ့ခိုင်စေရေး အတွက် အာဟာရဓာတ် ကြွယ်ဝသော အစားအစာများ စားသုံးပေးခြင်း အပြင် အိပ်ရေးဝအောင် အိပ်ရန်လည်း လိုအပ်ကြောင်း သိရသည်။ထောပတ်သီးတွင် ဗီတာမင်အေ၊ ဗီတာမင်စီ၊ ဗီတာမင်အီး နှင့် ပိုတက်ဆီယမ် များပါဝင် သောကြောင့် စားသုံး ပေးသင့်သည့် အသီး တစ်မျိုးဖြစ်သည်။

''ထောပတ်သီးဟာ ခန္ဓာကိုယ် အတွက် မကောင်းတဲ့ ကိုလက်စထရော ကို ဖယ်ရှားပေး ပါတယ်။ နှလုံးရောဂါ ဖြစ်နိုင်ခြေကို ကာကွယ် ပေးနိုင်လို့ စားသုံးသင့် ပါတယ်။ ထောပတ်သီးမှာ ပရိုတင်းဓာတ်နဲ့ သတ္တုဓာတ်တွေ ပါဝင်ပါတယ်။ ထောပတ်သီးမှာ သကြားဓာတ်ကာဗိုဟိုက်ဒြိတ် ဓာတ် အနည်းငယ် သာ ပါဝင်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ် အလေးချိန် ကျချင်တဲ့ သူတွေနဲ့ အဆီကျချင်တဲ့ သူတွေလည်း စားသုံးပေးသင့် ပါတယ်'' ဟု ၄င်းက ဆက်လက် ပြောသည်။

ထို့အပြင် ထောပတ်သီးသည် မျက်စိ အမြင်အာရုံကို ကောင်းမွန် စေနိုင်ပြီး ထုံကျဉ် ကိုက်ခဲသည့် ရောဂါများ၊ အအေးမိ၊ နှာစေးခြင်း များနှင့် သွားဖုံးတွင် သွေးယိုခြင်းများ မဖြစ်စေရန် ကာကွယ်ပေးပြီး ခန္ဓာကိုယ်ရှိ ဆဲလ်များကို ကောင်းစေခြင်း အပြင် ကင်ဆာရောဂါ ကိုလည်း အတန်အသင့် ကာကွယ်ပေး နိုင်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment