Pages

Tuesday, March 3, 2015

ပြည်ပသို့ သစ်သီးဝလံများ တင်ပို့ရောင်းချရာတွင် GAP လက်မှတ် ထုတ်ပေးမည်



ရန်ကုန် ၊ ၃-၃-၂၀၁၅

ပြည်တွင်းမှ ထွက်ရှိသော သစ်သီးဝလံ များကို ပြည်ပနိုင်ငံ များသို့ ပိုမိုတင်ပို့ ရောင်းချနိုင်ရန် စနစ်တကျ စိုက်ပျိုး ထားကြောင်း ထောက်ခံချက် ပေးသည့် GAP လက်မှတ်များ ထုတ်ပေးသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီး ဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချ သူများ အသင်းမှ သိရသည်။

အဆိုပါ GAP လက်မှတ်များ ထုတ်ပေးခြင်းကို မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန် နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ ရောင်းချသူများ အသင်းနှင့် မြန်မာ့ စိုက်ပျိုးရေး လုပ်ငန်းတို့ ပူးပေါင်းကာ မတ်လအတွင်း ထုတ်ပေး သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ အနေဖြင့် လက်ရှိတွင် သစ်သီးဝလံ များကို တရုတ်နိုင်ငံသို့ နယ်စပ် ကုန်သွယ်ရေး  လမ်းကြောင်း များမှ တစ်ဆင့် တင်ပို့ ရောင်းချလျက် ရှိပြီး ယခုအခါ နိုင်ငံတကာသို့ တိုးချဲ့ တင်ပို့နိုင်ရေး အတွက် စနစ်တကျ စိုက်ပျိုး ထားကြောင်း ထောက်ခံသည့် အာမခံ လက်မှတ် ပါမှသာ တင်ပို့နိုင်မည် ဖြစ်သောကြောင့် ယင်းသို့ စီစဉ်ရခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင်လည်း သစ်သီးဝလံ စိုက်ပျိုးသော တောင်သူများအား အရည်အသွေး ပြည့်မီသည့် သစ်သီးဝလံ နှင့် ပန်းမန်များ၊ ဟင်းသီးဟင်းရွက်များ စိုက်ပျိုး ထုတ်လုပ် နိုင်ရန် နည်းပညာများ ထောက်ပံ့ ကူညီမည် ဖြစ်သည်။

ပြည်တွင်းဈေးကွက် အတွင်း စိုက်ပျိုး ထုတ်လုပ်သော အသီးအနှံ များအား လတ်ဆတ်မှု ရှိစေရန်နှင့် ကျန်းမာရေး နှင့် ညီညွတ်မှုရှိ၊ မရှိ စစ်ဆေးခြင်း များကိုလည်း မြန်မာ့ စိုက်ပျိုးရေး လုပ်ငန်းမှ လုပ်ဆောင် နေကြောင်း သိရသည်။

မြန်မာနိုင်ငံ အတွင်း အော်ဂဲနစ် နည်းပညာ အသုံးပြု တွင်ကျယ် လာစေရန် လုပ်ဆောင်နေပြီး လက်ရှိတွင် ယင်းနည်းပညာ အသုံးပြု စိုက်ပျိုးမှုမှာ နည်းနေ သေးကြောင်း ပြည်တွင်းမှ ပြည်ပသို့သရက်သီး၊ ပန်းသီး၊ ဖရဲသီး၊ လိမ္မော်သီး နှင့် သစ်တော်သီးများ အများဆုံး တင်ပို့ရောင်းချလျက် ရှိသည်။

ပြည်ပဈေးကွက် အနေဖြင့် အာဆီယံ နိုင်ငံများနှင့် တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ တို့မှ ဝယ်ယူလျက်ရှိကြောင်း လတ်တလောတွင် တရုတ်နိုင်ငံ အတွင်း နှစ်သစ်ကူး ပွဲတော် ကာလဖြစ်၍ ထွက်ရှိသော သစ်သီးဝလံ များအား အများဆုံး မှာယူလျက် ရှိရာ တောင်သူ များအတွက် ယခုကာလသည် ပြည်ပဈေးကွက် ပိုမိုရရှိ နေသောကြောင့် သစ်သီးဝလံ များ ဈေးကောင်း ရရှိနေကြောင်း သိရသည်။

စိုးမိုး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment