Pages

Tuesday, March 3, 2015

စိုက်ပျိုးစရိတ်မြင့်မားမှု နှင့် ဈေးကွက်ဝယ်လိုအား နည်းပါးနေခြင်းကြောင့် သဘာဝစစ်စစ် အော်ဂဲနစ် စိုက်ပျိုးထုတ်လုပ်မှု လျော့ကျလာ



ရန်ကုန် ၊ ၃-၃-၂၀၁၅

စိုက်ပျိုးစရိတ် မြင့်မားမှုနှင့် ဈေးကွက်အတွင်း ဝယ်လိုအား နည်းပါးနေခြင်း ကြောင့် သဘာဝစစ်စစ် အော်ဂဲနစ် စိုက်ပျိုးထုတ်လုပ်မှု လျော့ကျ လာကြောင်း မြန်မာနိုင်ငံ အော်ဂဲနစ်သီးနှံ စိုက်ပျိုးထုတ်လုပ် ရောင်းချသူများ အသင်းမှ သိရသည်။

အော်ဂဲနစ် စိုက်ပျိုးထုတ်လုပ် မှုသည် ဓာတုဗေဒ ဆေးကို မသုံးဘဲ သဘာဝအတိုင်း စိုက်ပျိုးခြင်း ဖြစ်သောကြောင့် စရိတ်မြင့်မားပြီး အမြတ်အစွန်း နည်းသဖြင့် အော်ဂဲနစ် သီးနှံ စိုက်ပျိုး ထုတ်လုပ်သူများ အနေဖြင့်တွက်ခြေမကိုက် ဖြစ်နေကာ စိုက်ပျိုး ထုတ်လုပ်သူ အရေအတွက် လျော့နည်း လာကြောင်း သိရသည်။

ထို့အပြင် ဈေးကွက်အတွင်း ဓာတုဆေးဝါး ကို အသုံးပြု စိုက်ပျိုးထားသည့် သီးနှံများနှင့် ဈေးနှုန်းအတူ ရောနှော ရောင်းချ နေရသည့် အတွက် အော်ဂဲနစ်ဖြင့် စိုက်ပျိုးထားသည့် သီးနှံများ အနေဖြင့် ဈေးကွက်တွင် ဈေးကောင်း မရရှိဘဲ နစ်နာမှုများ ရှိနေကြောင်း သိရသည်။

နိုင်ငံတကာ ကဲ့သို့ အော်ဂဲနစ် သီးနှံများ ကို သီးသန့် ရောင်းချသည့် ဈေးများ ပေါ်ပေါက် လာပါက ဓာတုဆေးဝါးကို သုံးသည့် သီးနှံများထက် ဈေးပိုပေး၍ ဝယ်ယူသူများ ပေါ်ပေါက်လာ မှသာ အော်ဂဲနစ် စိုက်ပျိုးထုတ်လုပ် သူများ အနေဖြင့် ရေရှည် ရပ်တည်နိုင်မည် ဖြစ်ကြောင်း အော်ဂဲနစ် သီးနှံစိုက်ပျိုး ထုတ်လုပ်သူများ က ပြောသည်။

မြန်မာနိုင်ငံ အော်ဂဲနစ် သီးနှံ စိုက်ပျိုးထုတ်လုပ် ရောင်းချသူများ အသင်း အနေဖြင့် အော်ဂဲနစ် သီးနှံ စိုက်ပျိုး ထုတ်လုပ်သူ များကို လိုအပ်သည့် အကူအညီများ ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ကန်တော်ကြီး မြေပဒေသာ ဥယျာဉ် အတွင်း ဓာတုဆေးဝါးလွတ် စိုက်ပျိုးထား သည့် သီးနှံနှင့် အပင်များ ကိုလည်း ရောင်းချပေးရန် စီစဉ်သွားမည် ဖြစ်ကြောင်း သိရသည်။ (၄၄၃)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment