Pages

Tuesday, March 3, 2015

ဆေးသွင်းမှားယွင်း မှုကြောင့် သစ်မွှေးစိုက်ပျိုးပင် ၉၀ ရာခိုင်နှုန်းခန့် မျိုးရိုးဗီဇ ပျက်စီးနေ



မန္တလေး ၊ ၃-၃-၂၀၁၅

မြန်မာနိုင်ငံတွင် သစ်မွှေးပင်များ အားလုံး၏ ၉ဝ ရာခိုင်နှုန်း ခန့်သည် ဆေးသွင်း မှားယွင်းမှုကြောင့် မူလ မျိုးရိုးဗီဇများ ထိခိုက် ပျက်စီးလျက် ရှိကြောင်း ကချင်ပြည်နယ် သစ်မွှေး ဝါသနာရှင်များ အသင်း၏ လေ့လာချက်များ အရ သိရသည်။

မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် နှစ်ပေါင်းများစွာ ကတည်းက သစ်မွှေးများစွာ ထွက်ရှိခဲ့ပြီး စိုက်ပျိုးသူ များလည်း များပြားခဲ့သည်။ သစ်မွှေး စိုက်ပျိုးမှု များပြား ခဲ့သော်လည်း မှောင်ခို ဈေးကွက်မှ တရားမဝင် ထုတ်လုပ်မှုကြောင့် သစ်မွှေးပင်များ လျော့နည်းခဲ့ပြီး လက်ရှိတွင် သစ်မွှေးပင်အရေအတွက်မှာ မြန်မာ တစ်နိုင်ငံလုံးတွင် အပင်ပေါင်း သိန်း ၆ဝ ခန့်သာ ကျန်ရှိသည်။

လက်ရှိ သစ်မွှေးစိုက် ဧက ၄ဝဝဝ မှ ၅ဝဝဝ ခန့်ရှိပြီး အပင်ရေသိန်း ၆ဝ ခန့်တွင် မှားယွင်းသော ဆေးများဖြင့် ဆေးသွင်းပြီး သစ်မွှေးပင် သိန်း ၄ဝ ခန့်ရှိသဖြင့် ၉ဝ ရာခိုင်နှုန်းခန့်သည် မျိုးရိုးဗီဇ ပျက်စီးလျက် ရှိကြောင်း မန္တလေး တက္ကသိုလ် သတ္တဗေဒဌာနမှ ပါမောက္ခ တစ်ဦး၏ ပြောပြချက်အရ သိရသည်။

''ကျွန်မတို့နိုင်ငံမှာ မျိုးရိုးဗီဇ မမှန်တဲ့ သစ်မွှေးက ၉ဝ ရာခိုင်နှုန်း ကျော်နေပါပြီ။ ဒါဟာ အလွန် အန္တရာယ်များ ပါတယ်။ တန်ဖိုးရှိတဲ့ သစ်မွှေးမျိုးသုဉ်းမယ့် အခြေအနေ ဖြစ်နေပါတယ်။ ဒါကို မကုစားနိုင်ရင် မြန်မာ့သစ်မွှေး က မျိုးသုဉ်းတော့ မှာပါ။ လက်ရှိမှာ မြန်မာ့သစ်မွှေးက ကမ္ဘာမှာ အကောင်းဆုံး ဖြစ်လို့ မျိုးရိုးကို ထိန်းသိမ်းရပါမယ်'' ဟု ၄င်းက ဆက်လက် ပြောပြသည်။

မြန်မာနိုင်ငံရှိ သစ်မွှေး ဆေးသွင်းမှုသည် မှားယွင်းသော ဆေးသွင်းမှုများ ဖြစ်နေကြောင်း၊ သစ်မွှေးကို ဆေးသွင်းမည် ဆိုပါက အပြည်ပြည်ဆိုင်ရာ မှတ်ပုံတင် ထားသော သစ်မွှေးပင် ဆေးသွင်းသည့် ဆေးဖြင့်သာ သွင်းရမည် ဖြစ်ကြောင်း၊ ဆေးသွင်းပြီး ပါကလည်း ဆေးသွင်းသော ကုမ္ပဏီများက စိုက်ပျိုးသူ များကို တာဝန်ယူ အာမခံရမည် ဖြစ်ကြောင်း ကရင်ပြည်နယ် သစ်မွှေး ဝါသနာရှင်များ အသင်း၏ လေ့လာချက်များ အရ သိရသည်။

သစ်မွှေးပင် ဆေးသွင်းမှုကို ကမ္ဘာပေါ်တွင် တစ်ဦးတည်းသော သစ်မွှေး ပညာရှင် ဖြစ်သည့် အမေရိကန်နိုင်ငံ မင်နီဆိုးတား တက္ကသိုလ်မှ ဒေါက်တာ ဘရန်ချက် က စတင် သုတေသန ပြုလုပ်ခဲ့ပြီး ဆေးသွင်းလုပ်ငန်း
ဆောင်ရွက်လျက် ရှိကြောင်း၊ စိုက်ပျိုးသူများကို ဆေးမှားယွင်း ထိုးသွင်းခြင်း မရှိအောင် ပညာပေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း သစ်မွှေး လေ့လာသူ ပညာရှင် တစ်ဦးထံမှ သိရသည်။ (၁၈ဝ)

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment