Pages

Monday, March 9, 2015

ထိုင်းနိုင်ငံမြို့နယ် (၂၁)မြို့နယ်တွင် အဓိကနေထိုင်ကြသည့် မြန်မာရွှေ့ပြောင်း လုပ်သားများကို စာရင်းကောက်ယူမည်



ရန်ကုန် ၊ ၉-၃-၂၀၁၅

ထိုင်းနိုင်ငံ ပြည်နယ်ငါးခုရှိ မြို့နယ် (၂၁) မြို့နယ်တွင် အဓိက နေထိုင်ကြသည့် မြန်မာရွှေ့ပြောင်း လုပ်သားများ စာရင်းကို ရုံးခွဲများ ဖွင့်လှစ်ကာ စာရင်း ကောက်ယူမည် ဖြစ်ကြောင်း အလုပ်သမား၊ အလုပ် အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန မှ သိရသည်။ 

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများ အတွက် မတ်လ ၃၁ ရက်တွင် ယာယီ နေထိုင်ခွင့်နှင့် လုပ်ကိုင်ခွင့် သက်တမ်း ပြည့်မည်ဖြစ်ပြီး သက်တမ်း မကုန်မီအတွင်း သက်တမ်းနှစ်နှစ် ရှိသည့် အစိမ်းရောင် ယာယီ နေထိုင်ခွင့် လက်မှတ်ကို ထုတ်ပေးရန် စီစဉ်ထားသည်။

မြန်မာရွှေ့ပြောင်း လုပ်သားများ စာရင်းကို ပြည်နယ်ငါးခုတွင် ရုံးခွဲများ ဖွင့်လှစ်ကာ အလုပ်သမားများ အတွက် ထိုင်းအစိုးရက ယာယီ နေထိုင်ခွင့်နှင့် လုပ်ကိုင်ခွင့် သက်တမ်းကို ၂ဝ၁၆ ခုနှစ်၊ မတ်လ ၃၁ ရက်ထိ တစ်နှစ်သက်တမ်း တိုးပေးထား သော်လည်း ပုံမှန်ပတ်စ်ပို့ ပြုလုပ်ရန် အတွက် မြန်မာ အလုပ်သမား စာရင်းများကို ဆက်လက် ကောက်ခံ သွားမည် ဖြစ်ကြောင်းလည်း ၄င်းဌာနမှ သိရသည်။

ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်း လုပ်သား အများဆုံးရှိရာ ရေလုပ်ငန်းခွင် အတွင်းရှိ လုပ်သားများ အတွက် သက်တမ်းတိုးခြင်း များကိုလည်း ဆောင်ရွက် ပေးသွားမည် ဖြစ်ပြီး ယာယီ နေထိုင်ခွင့် အသစ် (ပန်းရောင်ကတ်) ကို ရေလုပ်သား များသာ လုပ်ဆောင်နိုင်ပြီး၊ အခြား လုပ်သားများ မပါဝင်ကြောင်းကို လည်း ထိုင်းအစိုးရက ကြေညာချက် ထုတ်ပြန် ထားသည်။

ယာယီနေထိုင်ခွင့် သက်တမ်းတိုး ခြင်းကို အသက်(၁၅) နှစ်အောက် ကလေးငယ်များလည်း သက်တမ်းတိုး ရမည်ဖြစ်သည်။ လက်ရှိတွင် ထိုင်းနိုင်ငံ၌ အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား ၆၄၅၅၆၇ ဦးရှိပြီး၊ ဗန်ကောက် အရှေ့တွင် လူဦးရေ ၁၆၇ဝဝဝ ၊ဗန်ကောက် အနောက်တွင် ၂ဝ၉ဝဝဝ ကျော်၊ မယ်ဆိုင်တွင် ၅၈ဝဝဝ ကျော်၊ မဲဆောက်တွင် ၁၅၇ဝဝဝ ကျော်၊ ရနောင်းတွင် ၅၁ဝဝဝ ကျော် ရှိကြောင်း သိရသည်။ 

ပုံမှန်ပတ်စ်ပို့ ပြုလုပ်ရန်အတွက် စာရင်းကောက်ယူ ရာတွင် အချက်အလက် မှန်မှန်ကန်ကန်ဖြင့် ပြုလုပ်ပေးရန် မြန်မာနိုင်ငံရှိ အလုပ်သမား၊ အလုပ်အကိုင် နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ တိုက်တွန်း ထားကြောင်း သိရသည်။

ကျော်လွင်

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment