Pages

Monday, March 9, 2015

မန္တလေးမြို့တွင် Fresh Water Research Center တည်ဆောက်မည်


မန္တလေး ၊ ၉-၃-၂၀၁၅

မန္တလေးတိုင်း ဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာန သရက်ကုန်း ငါးလုပ်ငန်း စခန်း၌ ငါးသားဖောက်ခြင်း လုပ်ငန်းများ အတွက် သုတေသန လုပ်ငန်းများ ဆောင်ရွက်ပြီး ရေချို ငါးလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ရန် အတွက် Fresh Water Research Center ကို တည်ဆောက် ဖွင့်လှစ်မည် ဖြစ်ကြောင်း အဆိုပါ စခန်းတာဝန်ခံ ထံမှ သိရသည်။

အဆိုပါ စင်တာကို တည်ဆောက်ရန် အတွက် မွေးမြူရေး၊ ရေလုပ်ငန်း နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဦးစီးဌာန နှင့် ကိုရီးယား အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (KOICA) တို့ MoU လက်မှတ်ထိုး ပြီးဖြစ်ပြီး ယခုနှစ် စက်တင်ဘာလ တွင် လုပ်ငန်း ဆောင်ရွက်မည် ဖြစ်ရာ ၄င်းလုပ်ငန်း အတွက် KOICA မှ ကူညီပံ့ပိုးငွေ အမေရိကန် ဒေါ်လာ ၄ ဒသမ ၄၁ သန်း အသုံးပြု မည်ဖြစ်သည်။

''လက်ရှိ ကျွန်တော်တို့ ငါးလုပ်ငန်း စခန်းမှာ နိုင်ငံတကာ အဖွဲ့အစည်း အနေနဲ့ JICA နဲ့ ဆောင်ရွက်နေတာ ရှိပါတယ်။ KOICA နဲ့ကတော့ ဒါပထမဆုံး ဖြစ်ပါတယ်။ ငါးသားဖောက် လုပ်ငန်းကို  ပိုမို ကောင်းမွန်အောင် ဆောင်ရွက်ဖို့ သုတေသန လုပ်ငန်းတွေ ပိုပြီး ဆောင်ရွက်နိုင်ဖို့ လုပ်ဆောင် နေတာပါ။ ဒီအဖွဲ့တွေနဲ့ ပူးပေါင်း ဆောင်ရွက်တော့ နည်းပညာလဲ ပိုပြီး တိုးပွားလာတယ်'' ဟု စခန်းတာဝန်ခံ ဦးလှဌေး က ပြောပြ၍ သိရသည်။

အဆိုပါ စင်တာတွင် အဆောက်အအုံ လေးလုံး ပါဝင်မည် ဖြစ်ပြီး ဓာတ်ခွဲခန်း၊ သုတေသန လုပ်ငန်း၊ ငါးမျိုးသစ်များ သားဖောက်ခြင်း၊ သားဖောက်ရုံ စသည်တို့ ပါဝင်မည် ဖြစ်သည်။

လက်ရှိအနေဖြင့် အဆိုပါ သရက်ကုန်း ငါးလုပ်ငန်း စခန်းတွင် ငါးမျိုးစိတ် ၁၅ မျိုးကျော်ကို သားဖောက် ဖြန့်ဖြူးလျက် ရှိကြောင်း၊ ငါးသားဖောက်ခြင်း လုပ်ငန်းကို တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ လက်တွေ့ ဆောင်ရွက်ခြင်းများ ကို မန္တလေး တက္ကသိုလ်၊ ရတနာပုံ တက္ကသိုလ် တို့နှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။(၁၈ဝ)

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment