Pages

Sunday, March 22, 2015

အာရှဒေသတွင်း ရထားလမ်းကွန်ရက် နှင့် ချိတ်ဆက်မည့် မြန်မာနိုင်ငံမှ ရထားလမ်းများ တည်ဆောက်ပြုပြင်ခြင်းကို ၂၀၁၆ ခုနှစ်တွင် စတင်ဆောင်ရွက်မည်



ရန်ကုန် ၊ ၂၂-၃-၂၀၁၅

အာရှဒေသတွင်း ရထားလမ်း ကွန်ရက် (Trans-Asian Railway) နှင့် ချိတ်ဆက်ရန် စီစဉ်ထားသော မြန်မာနိုင်ငံမှ ရထားလမ်းများ အဆင့်မြှင့်တင် တည်ဆောက် ပြုပြင်ခြင်း လုပ်ငန်းများကို ၂ဝ၁၆ ခုနှစ်တွင် စတင် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ထိုသို့ Trans-Asian Railway နှင့် ချိတ်ဆက်မည့် မြန်မာနိုင်ငံမှ ရထားလမ်းများ အဆင့် မြှင့်တင်ခြင်းနှင့် အသစ် တည်ဆောက်ခြင်း တို့ကို ဂျပန်နိုင်ငံမှ ယန်း ၁ ဒသမ ၇ ဘီလီယံကျော် ကူညီ ထောက်ပံ့၍ လေးနှစ် စီမံကိန်းဖြင့် ၂ဝ၁၆ ခုနှစ်တွင် စတင် အကောင် အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ အဓိက အကျဆုံး ရထားလမ်းကြောင်း ဖြစ်သော ရန်ကုန်- မန္တလေး ရထားလမ်းပိုင်း ကို ပထမဦးစားပေး အနေဖြင့် အဆင့်မြှင့်တင် ပြီးနောက် အာရှဒေသတွင်း ရထားလမ်း ကွန်ရက်နှင့် ချိတ်ဆက်မည့် ရထားလမ်းပိုင်းများ တည်ဆောက် ပြုပြင်ခြင်းနှင့် အသစ် ဖောက်လုပ်ခြင်း တို့ကို ဆက်လက် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ စီမံကိန်းများ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန် ဂျပန်နိုင်ငံ JICA မှ သက်ဆိုင်ရာ တာဝန်ရှိ သူများက နှစ်နှစ်ခန့် အချိန်ယူ၍ ကွင်းဆင်းလေ့လာ ခဲ့ကြောင်း သိရသည်။

ဂျပန်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ၌ ရထားဖြင့် သယ်ယူ ပို့ဆောင်ရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက် လာစေရန် လိုအပ်သော အကူအညီ အထောက်အပံ့ များပေး၍ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရန် စီစဉ်ထားရာ ရထားလမ်းများ အဆင့် မြှင့်တင်ခြင်း၊ အသစ် ဖောက်လုပ်ခြင်း နှင့် ဘူတာရုံများ ပြုပြင် တည်ဆောက်ခြင်း စသည်တို့အပြင် လျှပ်စစ် ရထားဖြင့် သယ်ယူ ပို့ဆောင်ရေး ကဏ္ဍကိုပါ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန် ရည်မှန်းထားပြီး အဆိုပါ စီမံကိန်းများ အတွက် လိုအပ်သော နည်းပညာများနှင့် ငွေကြေး အထောက်အပံ့ များကိုလည်း ကူညီပံ့ပိုး သွားမည် ဖြစ်ကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment