Pages

Sunday, March 22, 2015

မြန်မာနိုင်ငံသို့ e-Visa ဖြင့် ပြည်ပ ခရီးသွားဧည့်သည်များ ၀င်ရောက်မှု



ရန်ကုန် ၊ ၂၂-၃-၂၀၁၅

မြန်မာနိုင်ငံသို့ e-Visa ဖြင့် ပြည်ပခရီးသွား ဧည့်သည်များ ဝင်ရောက်မှု များတွင် အမေရိကန် နိုင်ငံမှ အများဆုံးဖြစ်ပြီး ဗီဇာမျိုးစုံဖြင့် ဝင်ရောက်မှုတွင် ထိုင်းနိုင်ငံမှ အများဆုံး ဖြစ်ကြောင်း ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ် လူဝင်မှု ကြီးကြပ်ရေး ဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

e-Visa စနစ် လျှောက်ထားခွင့် ပြုပြီး နောက်ပိုင်းတွင် မြန်မာနိုင်ငံသို့ နိုင်ငံခြားခရီးသွား ဧည့်သည်များသည် ဆိုက်ရောက်ဗီဇာ အသုံးပြု ဝင်ရောက်မှု နည်းသွားကြောင်း သိရသည်။ ယင်းစနစ်ကို နေပြည်တော်၊ ရန်ကုန် နှင့် မန္တလေး စသည့် အပြည်ပြည် ဆိုင်ရာ လေဆိပ်များ၌ စတင် အသုံးပြု ဝင်ရောက် ခွင့်ပြုလျက်ရှိရာ လက်ရှိတွင် နိုင်ငံပေါင်း ၁ဝဝ ကျော်အထိ လျှောက်ထား ခွင့်ပြုထားပြီး တခြားဗီဇာဖြင့် ဝင်ရောက်မှု များလည်း ရှိနေသေး ကြောင်း သိရသည်။

ထို့အပြင် မြန်မာနိုင်ငံ အတွင်းသို့ ဒုတိယ အဝင် အများဆုံးဖြစ်သည့် ဆိုက်ရောက်ဗီဇာ တွင်လည်း မြန်မာနိုင်ငံမှ ခွင့်ပြုပေးသည့် စီးပွားရေး ဆိုက်ရောက်ဗီဇာ သုံးမျိုး သတ်မှတ် ပေးထားသည်။ ယင်းတို့မှာ လုပ်ငန်းဗီဇာ ကို ဗီဇာကြေး အမေရိကန် ဒေါ်လာ ၅ဝ နှင့် ခွင့်ပြု ရက်ပေါင်း ၇ဝ၊ စီးပွားရေးနှင့် ပတ်သက်ပြီး အလုပ်ရုံ ဆွေးနွေးပွဲများ တက်ရောက်ရန် ပြည်ဝင်ဗီဇာကို ဗီဇာကြေး အမေရိကန် ဒေါ်လာ ၄ဝ နှင့် ခွင့်ပြုရက် ပေါင်း ၂၈ ရက်နှင့် ရန်ကုန်မြို့သို့ နံနက်ပိုင်းတွင် ရောက်ရှိပြီး ညနေတွင် ပြန်လည် ထွက်ခွာရမည့် Transit Visa ဗီဇာကြေး အဖြစ် အမေရိကန် ဒေါ်လာ ၂ဝ နှင့် ခွင့်ပြုချိန် ၂၄ နာရီဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆိုက်ရောက် ဗီဇာဖြင့် ပြည်ပခရီးသွား ဝင်ရောက်မှုသည် ၂ဝ၁၄ ခုနှစ်အတွင်း တစ်သိန်းကျော် ရှိခဲ့ပြီး တရုတ်နိုင်ငံသား အများဆုံး ဝင်ရောက်ခဲ့သည်။ လက်ရှိတွင် e-Visa စနစ် တွင်ကျယ် လာခြင်းကြောင့် ဆိုက်ရောက် ဗီဇာစနစ် အသုံးပြု ဝင်ရောက်မှု လျော့ကျလာပြီး e-Visa စနစ် အသုံးပြု ဝင်ရောက်သော ခရီးသွား ဧည့်သည်မှာ ပုံမှန်အားဖြင့် တစ်လလျှင် သောင်းချီ ဝင်ရောက် နေကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း အွန်လိုင်းဗီဇာ စနစ်ဖြစ်သော e-Visa စနစ်ကို ၂ဝ၁၄ ခုနှစ် စက်တင်ဘာ ၁ ရက်မှစတင်၍ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ စတင်ခွင့်ပြု ပေးခဲ့ရာ အမေရိကန် နိုင်ငံမှ ခရီးသွား အများဆုံး ဖြစ်ပြီး ဒုတိယ အများဆုံးမှာ ဗြိတိန်နိုင်ငံမှ ဖြစ်ကြောင်း သိရသည်။

စိုးမိုး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment