Pages

Sunday, March 22, 2015

ဧရာဝတီမြစ်အတွင်း ဧရာဝတီလင်းပိုင် ၅၈ ကောင် မှတ်တမ်းတင်နိုင်ခဲ့


ဧရာဝတီမြစ်ရိုးတစ်လျှောက်ရှိ ဧရာဝတီလင်းပိုင်များ

မုံရွာ ၊ ၂၂-၃-၂ဝ၁၅

ဧရာဝတီမြစ် အတွင်းတွင် ယခင်က ဧရာဝတီလင်းပိုင် ကောင်ရေ ၆၃ ကောင်ရှိခဲ့ရာ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ အတွင်းတွင် သုံးကောင် သေဆုံးခဲ့ကြောင်း၊ ယခုစစ်တမ်း ကောက်ယူရာတွင် ၅၈ ကောင်သာ မှတ်တမ်းတင် 

နိုင်ခဲ့ကြောင်းနှင့် လာမည့် မိုးတွင်းကာလ သားပေါက်ရာသီတွင် ထပ်မံစစ်တမ်း ကောက်ယူ သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ အဓိက အသက်သွေးကြော မြစ်ကြီး တစ်ခုဖြစ်သော ဧရာဝတီမြစ်၏ အထက်ပိုင်း ဒေသများတွင် ကျက်စား နေထိုင်သော ရှားပါးစာရင်းဝင် ဧရာဝတီ လင်းပိုင် အရေအတွက် အား သုတေသန စာရင်း
ကောက်ယူခြင်း လုပ်ငန်းကို ပတ်ဝန်းကျင်/ မျိုးသုဉ်းရှားပါး ဖွံ့ဖြိုးရေးနှင့် သုတေသန ဌာနခွဲ ငါးလုပ်ငန်း ဦးစီးဌာန မန္တလေးတိုင်း ဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့မှ ငါးလုပ်ငန်း ဦးစီးဌာန၊ သားငှက် ထိန်းသိမ်းရေး အဖွဲ့ WCS တို့ ပူးပေါင်းပြီး ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး သင်္ဘောအမှတ် (ဝဝ၁)ဖြင့် ဖေဖော်ဝါရီလ အတွင်းက ၁၂ ရက်ကြာ စစ်တမ်းကောက်ယူ ခဲ့ကြောင်း သိရသည်။

ဧရာဝတီလင်းပိုင် အရေအတွက် စစ်တမ်း ကောက်ယူခဲ့မှုနှင့် ပတ်သက်ပြီး'' ရာသီဥတုတွေပြောင်းလဲလာ သလို ဧရာဝတီမြစ် အထက်ပိုင်းတွေမှာ သောင်ထွန်းလာပြီး ရေကြောင်းတွေ ကျဉ်းမြောင်း လာတာကြောင့်
လင်းပိုင်တွေရဲ့ (Life Cycle) တွေ အခက်အခဲ ရှိလာတယ်။ နောက်ပြီး လူတွေရဲ့ ဘက်ထရီရှော့ခ်တိုက် ဖမ်းဆီးမှု တွေကြောင့် သေဆုံးမှုတွေ ရှိလာပြီး အရေအတွက် တွေ ကျဆင်း လာတာကြောင့် အခုလို စစ်တမ်းကောက်ယူခြင်း လုပ်ငန်းတွေ လုပ်ခဲ့တာပါ'' ဟု အဆိုပါ စစ်တမ်း ကောက်ယူခြင်း လုပ်ငန်းတွင် လိုက်ပါ ဆောင်ရွက်သူ စစ်ကိုင်းတိုင်း ဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဧရာဝတီမြစ် အတွင်း ဧရာဝတီလင်းပိုင် အကောင်ရေ စစ်တမ်းကောက် ယူရာတွင် စစ်ကိုင်းမြို့နယ် အတွင်းရှိ မင်းကွန်းကျေးရွာ အနီးတွင် သုံးကောင်၊ ကုန်တမ်းရွာ အနီးတွင် ငါးကောင်၊ သပိတ်ကျင်းမြို့နယ် အတွင်းရှိ မင်းကုန်းကျေးရွာ အနီးတွင် ကိုးကောင်၊ တကောင်းကျေးရွာ အနီးတွင် တစ်ကောင်၊ ဝဲကြီးကျေးရွာ အနီးတွင် သုံးကောင်၊ ဒုတိယ မြစ်ကျဉ်းအကျော် ရွှေကူတံတား အနီးတွင် သုံးကောင်၊ မြစ်ခွဲ အခြားနေရာတွင် နှစ်ကောင်၊ ကျောက်ကြီးကျေးရွာ အနီးတွင် ၁ဝ ကောင်၊ ဘိုကုန်းကျေးရွာ အနီးတွင် လေးကောင်၊ မတ္တရာမြို့နယ် ရွာတန်းကျေးရွာ တွင် ၁ဝ ကောင်နှင့် မင်းကွန်းကျေးရွာ အကျော်ခန့်တွင် ရှစ်ကောင် စုစုပေါင်း ၅၈ ကောင်တွေ့ရှိ မှတ်တမ်းတင် နိုင်ခဲ့ကြောင်း သိရသည်။ (၆၁၁)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment