Pages

Sunday, March 8, 2015

ကချင်ပြည်နယ်အတွင်း တရားမ၀င်သစ်များ ထပ်မံသိမ်းဆည်းရမိ




နေပြည်တော် ၊ ၈-၃-၂၀၁၅

ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ စီခမ်းကြီးဒေသ တွင် မတ် ၄ ရက် မွန်းလွဲ ၁ နာရီခန့်၌ တပ်မတော် စစ်ကြောင်း များက နယ်မြေရှင်းလင်း ဆောင်ရွက်စဉ် ကျွန်းသစ်လုံး ဆိုဒ်စုံ ၄၅ လုံးကို လည်းကောင်း၊ ညနေ ၄ နာရီခန့်တွင် အရှည် ၉ ပေ၊ လုံးပတ် ၃၈ လက်မခန့်ရှိ ကျွန်းသစ်လုံး ၃၅ဝ လုံးနှင့် အရှည် ၁၈ ပေ၊ လုံးပတ် ၃၆ လက်မခန့်ရှိ ကျွန်းသစ်လုံး ၃၅ဝ လုံးကို လည်းကောင်း၊ စုစုပေါင်း ကျွန်းသစ်လုံး ၇၄၅ လုံးအား ပိုင်ရှင်မဲ့ သိမ်းဆည်း ရမိခဲ့သည်။

အလားတူ မတ် ၅ ရက် နံနက်ပိုင်းတွင် တပ်မတော် စစ်ကြောင်း များက ဖာဟုန်ဒေသ၌ နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်စဉ် တရားမဝင် စုပုံထားသော ကျွန်းခွဲသားဆိုဒ်စုံ တန် ၂ဝ ခန့်၊ လွှဝိုင်းစက် နှစ်လုံးနှင့် ဝါးရုံတောအတွင်း ဝှက်ထားသော လိုင်စင်မဲ့ အက်စ်တူးယာဉ် တစ်စီးကို လည်းကောင်း၊ ဆက်လက်၍ ၄င်းနေရာ ပတ်ဝန်းကျင်အား ဖြန့်ခွဲ ရှင်းလင်းရာ ကျွန်းသစ်လုံး ၁၆၂ လုံး၊ တန် ၃ဝ ခန့်တို့ကို လည်းကောင်း၊ မဘိမ်းဒေသ၌ ကျွန်းသစ်လုံးဆိုဒ်စုံ ၂၂၂ လုံး၊ ၇၆ တန်ခန့်နှင့် တမလန်း၊ ပိတောက်ရောရာ ဆိုဒ်စုံ သစ်တုံး ၈ဝ တုံး၊ ၁ ဒသမ ၄၄ တန်ခန့်ကို လည်းကောင်း၊ စုစုပေါင်း ကျွန်းသစ်ခွဲသား ဆိုဒ်စုံ တန် ၂ဝ ခန့်၊ ကျွန်းသစ်လုံး ဆိုဒ်စုံ ၃၈၄ လုံး၊ တမလန်းနှင့် ပိတောက်ရောရာ သစ်တုံး ၈ဝ တုံး၊ လွှဝိုင်းစက် နှစ်လုံးနှင့် အက်စ်တူးယာဉ် တစ်စီးတို့အား ပိုင်ရှင်မဲ့ ထပ်မံ သိမ်းဆည်း ရမိခဲ့သည်။

အဆိုပါ သိမ်းဆည်း ရမိသည့် သစ်များ၊ ယာဉ်နှင့် ဆက်စပ်ပစ္စည်း များအား သက်ဆိုင်ရာ မြို့နယ်သစ်တော ဦးစီးဌာန များသို့ စနစ်တကျ လွှဲပြောင်း အပ်နှံလျက် ရှိကြောင်း သိရှိရသည်။

#Themyawadydaily

No comments:

Post a Comment