Pages

Sunday, January 25, 2015

မြန်မာနိုင်ငံရှိ အရက် ၊ ဘီယာချက် စက်ရုံများ၏ ထုတ်လုပ်မှု ပမာဏကို သိရှိနိုင်ရန် Unit Bar များ တပ်ဆင်မည်



ရန်ကုန် ၊ ၂၅-၁-၂၀၁၅

မြန်မာနိုင်ငံရှိ အရက်၊ ဘီယာချက် စက်ရုံများတွင် ထုတ်လုပ်မှု ပမာဏကို သိရှိစေရန် ပြည်တွင်း အခွန်များ ဦးစီးဌာနမှ စီစဉ်မည် ဖြစ်ကြောင်း သိရသည်။ 

ထို့ကြောင့် အရက်၊ ဘီယာ ထုတ်လုပ်မှု ပမာဏ ကို တိုင်းတာနိုင်မည့် စက် ( Unit Bar ) များကို အရက် ၊ဘီယာစက်ရုံ များတွင် တပ်ဆင်နိုင်ရန် စီစဉ်သွားမည် ဖြစ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာနမှ သိရသည်။

အရက်၊ ဘီယာ ထုတ်လုပ်မှု ပမာဏ အတိအကျ သိရှိနိုင်ရန် အတွက် အရက်၊ ဘီယာ ထုတ်လုပ်မှု ပမာဏကို တိုင်းတာ နိုင်မည့်စက် ( Unit Bar ) များကို အရက်၊ ဘီယာ စက်ရုံများတွင် တပ်ဆင်သွားမည် ဖြစ်ပြီး တပ်ဆင်မည့် ကာလကို မသတ်မှတ် ရသေးသော်လည်း ယခုနှစ်အတွင်း ဆောင်ရွက် နိုင်ရေးလုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။ 

အဆိုပါ အစီအစဉ် အကောင် အထည်ဖော် နိုင်ရန်အတွက် လုပ်ငန်းရှင် များနှင့်လည်း ခေါ်ယူ ညှိနှိုင်းလျက် ရှိကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။ ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ စက်မှုဇုန်များ အတွင်း တိုက်ဂါး၊ မန္တလေးဘီယာ၊ ဒဂုန် နှင့် မြန်မာဘီယာ စက်ရုံ စသည့် ဘီယာ ချက်လုပ်သည့် စက်ရုံလေးရုံ ရှိကြောင်းသိရသည်။

အိအိအောင်

#Yadnarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment