Pages

Wednesday, January 28, 2015

ဂျပန်နိုင်ငံ၏ စားသောက်ကုန် လုပ်ငန်းစု ကုမ္ပဏီတစ်ခု ဖြစ်သည့် Oishi ကုမ္ပဏီနှင့် စိုးဝင်း လက်ဖက်ခြောက် တို့ပူးပေါင်း၍ နမ့်စန်မြို့ ၌ လက်ဖက်စက်ရုံ တည်ဆောက်


ရန်ကုန် ၊ ၂၈-၁-၂ဝ၁၅

ဂျပန်နိုင်ငံ၏ စားသောက်ကုန် လုပ်ငန်းစု ကုမ္ပဏီတစ်ခု ဖြစ်သည့် Oishi ကုမ္ပဏီနှင့် ပြည်တွင်းရှိ စိုးဝင်း လက်ဖက်ခြောက် ကုမ္ပဏီတို့ ပူးပေါင်းပြီး ရှမ်းပြည်နယ် နမ့်စန်မြို့၌  လက်ဖက်စက်ရုံ တည်ဆောက် နေကြောင်း ပလောင် လက်ဖက် စိုက်ပျိုးထုတ်လုပ် တင်ပို့ ရောင်းချသူများ အသင်း၏ တာဝန်ရှိ သူများထံမှ သိရသည်။

''လက်ဖက်စက်ရုံ တည်ဆောက် ရတဲ့ အဓိက ရည်ရွယ်ချက်က ပြည်တွင်းကနေ ထွက်တဲ့ သုံးမရတဲ့ လက်ဖက်ရွက် အရင့်တွေကို နည်းပညာနဲ့ ပြန်လည် ပြုပြင် (Green Tea) ပြီး ဂျပန်၊ အမေရိကန်၊ တရုတ် စတဲ့ နိုင်ငံတွေကို တင်ပို့ဖို့ စက်ရုံ တည်ဆောက် တာပါ။ စက်ရုံထဲမှာ အခုပြောတဲ့ နည်းပညာ တွေကို ဂျပန်နိုင်ငံ က နည်းပညာရှင် တွေကပဲ ဦးစီးပြီး လုပ်ဆောင် သွားမှာပါ'' ဟု စိုးဝင်း လက်ဖက်ခြောက် မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လက်ရှိတွင် နမ့်စန်မြို့၌ တည်ဆောက် သည့် လက်ဖက် စက်ရုံသည် ၉ဝ ရာခိုင်နှုန်း အထိ ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။ အဆိုပါ လက်ဖက်စက်ရုံကို ၂ဝ၁၅ ခုနှစ် ဧပြီလတွင် စတင် လည်ပတ်ပြီး လုပ်ငန်းများ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ ယင်း စက်ရုံမှ ထွက်ရှိသည့် လက်ဖက်နှင့် Green Tea လက်ဖက်ခြောက် များကို စိုးဝင်း လက်ဖက်ခြောက်မှ ဂျပန်နိုင်ငံသို့ အဓိက တင်ပို့မည် ဖြစ်ပြီး တရုတ်၊ တိုင်ဝမ်၊ အမေရိကန် နှင့် ဂျာမနီ စသည့်နိုင်ငံ များသို့လည်း တင်ပို့ သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် အဆိုပါ စက်ရုံမှ ထွက်သည့် လက်ဖက်နှင့် ဆက်စပ်ပစ္စည်း များကိုလည်း မြန်မာနိုင်ငံ အတွင်းရှိ ပြည်သူများ စားသုံးနိုင်ရန် လုံလောက်စွာ ဖြန့်ချိ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

သီရိ

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment