Pages

Wednesday, January 28, 2015

တပ်မတော် မြစ်တွင်းသွားဆေးရုံ ရေယာဉ်(ရွှေပုဇွန်) ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ရန် ရန်ကုန်မြို့ မှထွက်ခွာ




ရန်ကုန် ၊ ၂၈-၁-၂၀၁၅

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ လမ်းညွှန်မှုဖြင့် တပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်)သည် ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန် အတွက် ယမန်နေ့ နံနက် ၇ နာရီတွင် ရန်ကုန်မြို့ရှိ အမှတ်(၄) ရေတပ် ဗောတံတား မှထွက်ခွာရာ ဧရာဝတီ ရေတပ်စခန်း ဌာနချုပ် ဌာနချုပ်မှူး ဗိုလ်မှူးချုပ် မောင်ဦးလွင် နှင့် တပ်မတော်(ရေ )မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ က ပို့ဆောင် နှုတ်ဆက် ကြသည်။

တပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ် တွင် ခွဲစိတ်ကုသမှု ပါရဂူ ဗိုလ်မှူး မျိုးမင်းဦး ဦးဆောင်၍ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြု စစ်သည်များ လိုက်ပါ သွားကြပြီး ရန်ကုန်- ကြံခင်း- ရန်ကုန် ခရီးစဉ်အတိုင်း ဧရာဝတီမြစ်ရိုး တစ်လျှောက် မြစ်ဝကျွန်းပေါ် ဒေသရှိ ကျေးရွာများမှ ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးမည် ဖြစ်သည်။

အဆိုပါ ဆေးရုံရေယာဉ် သည် ပုံမှန် အခြေအနေတွင် လူနာသုံးဦးအား ဆေးရုံတက် လူနာအဖြစ် ကုသနိုင်၍ အရေးပေါ် အခြေအနေ ပေါ်ပေါက်လာပါက လူနာ ၃ဝ ဦးအထိ တင်ဆောင် ကုသနိုင်ပြီး ရေယာဉ်ပေါ် တွင် ခွဲစိတ်ခန်း၊ သားဖွားမီးယပ် ခန်း၊ ဓာတ်မှန်ခန်း၊ စမ်းသပ်ခန်း နှင့် အထူးကြပ်မတ် ကုသဆောင်တို့ ပါဝင်သဖြင့် ဒေသခံ ပြည်သူများအား လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက် ပေးမှုများ ဆောင်ရွက် ပေးနိုင်မည့် အပြင် ဓာတ်မှန်ရိုက်ခြင်း၊ အာထရာဆောင်း ရိုက်ခြင်း၊ ဓာတ်ခွဲရောဂါ ရှာဖွေ စစ်ဆေးခြင်း များကိုလည်း ဆောင်ရွက် ပေးနိုင်ကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment