Pages

Thursday, January 22, 2015

ကမ္ဘာ့ဘဏ် နှင် IHA တို့ပူးပေါင်း၍ ရေအားလျှပ်စစ်ကဏ္ဍ အဆင့်မြှင့်တင်မည်


World Bank Group, International Hydropower Association Promote Sustainable Hydropower Development in Myanmar (Pyuchaung Dam)

ရန်ကုန် ၊ ၂၂-၁-၂၀၁၅

မြန်မာနိုင်ငံ၌ လျှပ်စစ်မီး အလုံအလောက် ရရှိစေရန် ကမ္ဘာ့ဘဏ် နှင့် အပြည်ပြည် ဆိုင်ရာ ရေအားလျှပ်စစ် အသင်း ( International Hydropower Association - IHA) တို့ ပူးပေါင်း၍ ရေအားလျှပ်စစ် ကဏ္ဍကို အဆင့် မြှင့်တင်မည် ဖြစ်ရာ ရေရှည် တည်တံ့သော ရေအားလျှပ်စစ် ကဏ္ဍဖြစ်ရန် နည်းပညာ ပိုင်း၊ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာနှင့် လူမှုဆိုင်ရာ စံချိန်စံညွှန်း များကို ဆောင်ရွက်မည် ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက် အရ သိရသည်။

မြန်မာနိုင်ငံသည် လက်ရှိ ထုတ်လုပ် နိုင်စွမ်းဖြစ်သည့် မဂ္ဂါဝပ် ၃၅ဝဝ ၏ အဆ ၃ဝ နီးပါးဖြစ်သည့် မဂ္ဂါဝပ် ၁ဝဝဝဝဝ အထိ လျှပ်စစ်စွမ်းအား ထုတ်လုပ်နိုင်မည့် အလားအလာ ရှိကြောင်း ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက် အရ သိရသည်။

မြန်မာနိုင်ငံရှိ အိမ်ထောင်စုပေါင်း ကိုးသန်းကျော် အနက် ၆၇ ရာခိုင်နှုန်း ဖြစ်သော အိမ်ထောင်စု ခြောက်သန်း ကျော်သည် လျှပ်စစ်မီး မရရှိသေးဘဲ ၃၃ ရာခိုင်နှုန်း ဖြစ်သော အိမ်ထောင်စု ၃ ဒသမ ၁ သန်းသာ လျှပ်စစ်မီး ရရှိနေကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ ၂ဝ၁၅ ခုနှစ်မှ ၂ဝ၁၉ ခုနှစ် အထိ ငါးနှစ်တာ ကာလအတွင်း အိမ်ထောင်စု ပေါင်း ၂ ဒသမ ၅ သန်းကို လျှပ်စစ်မီး ပေးနိုင်ရန် အမေရိကန် ဒေါ်လာ သန်း ၆၇ဝ လိုအပ်မည် ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လျှပ်စစ်မီးသည် ပြည်သူများ၏ လူနေမှုဘဝ အဆင့်အတန်း မြင့်မားရေး အတွက် အခြေခံကျသည့် အပြင် ရေအားလျှပ်စစ် သည်လည်း မြန်မာနိုင်ငံ၏ စွမ်းအင် အနာဂတ် အတွက် အရေးပါသည့် အစိတ်အပိုင်း ဖြစ်နေသည့် အတွက် ကမ္ဘာ့ဘဏ်မှ အမေရိကန် ဒေါ်လာ သန်း ၄ဝဝ ကို ထုတ်ချေး ပေးမည် ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း ၏ ဒုတိယဥက္ကဋ္ဌ Karin Finkelston က ပြောကြားကြောင်း သိရှိရသည်။(၄၄၇)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment