Pages

Thursday, January 22, 2015

အစိုးရအဖွဲ့ နှင့် တပ်မတော်မှ အကြီးအကဲများ၏ အမည်အား အသုံးပြု၍ ငွေကြေး လိမ်လည် တောင်းခံသူအား အရေးယူ ဆောင်ရွက်


ငွေကြေးလိမ်လည် တောင်းခံသူ တရားခံ မောင်မောင်ညွန့်

နေပြည်တော် ၊ ၂၂-၁-၂၀၁၅

မိတ္ထီလာ အရေးအခင်း ဖြစ်ပွားပြီး နောက်ပိုင်းတွင် ဘာသာရေး အကြမ်းဖက်မှု များနှင့် လက်နက်ကိုင် တပ်ဖွဲ့စည်းရေး တို့တွင် ပါဝင် ကျူးလွန်မှုဖြင့် ထိန်းသိမ်း ထားသော တရားခံများ ဖြစ်ကြသည့် ခင်မောင်ရွှေ (ခ) ယူစွတ်ဘိုင် (ဘ) ဦးမြမောင် ၊ လှိုင်ဝင်း (ခ) ကိုလှိုင် (ဘ) ဦးဝင်းစိန် နှင့် မြင့်သိန်း (ခ) မူဆာ (ဘ) ဦးညီမာမတ် တို့၏ ထွက်ဆိုချက်များ အရ အဓိက ငွေကြေး ထောက်ပံ့ခဲ့သူ ဟာဂျီဟာစန် (ခ) သိန်းဝင်း (ဘ) ဦးခင်မောင်မှာ ထွက်ပြေး တိမ်းရှောင် လွတ်မြောက် နေဆဲဖြစ်သည်။

တရားခံ ဟာဂျီဟာစန် ၏ ပိုင်ဆိုင်မှု များနှင့် မိသားစုဝင် များကို လုံခြုံရေး တပ်ဖွဲ့ဝင် များက စောင့်ကြည့်ခြင်း၊ တားမြစ်ခြင်းများ  ဆောင်ရွက်လျက် ရှိရာ ဟာဂျီဟာစန် ၏ ဇနီးဖြစ်သူ ဖြူဖြူဝင်း သည် ၄င်းတို့၏ မိသားစုအား ခရီးသွား လာခွင့် တားမြစ်ထားခြင်း မှ ကင်းလွတ်ခွင့် ရရန်နှင့် ပိုင်ဆိုင်မှု များအား အမည် ပြောင်းလဲခွင့် ရရှိရန်အတွက် တောင်ငူမြို့ နေသူ မောင်မောင်ညွန့် (ဘ) ဦးကျော်ညွန့်အား ဆက်သွယ် ဆောင်ရွက် ခဲ့သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ တရားခံ မောင်မောင်ညွန့် သည် အစိုးရ အဖွဲ့နှင့် တပ်မတော်မှ တာဝန်ရှိသူ အချို့၏ အမည်ကို အသုံးပြုပြီး ငွေကြေး လိမ်လည် တောင်းခံမှုအား သုံးကြိမ် ကျူးလွန်ခဲ့ရာ စုစုပေါင်းငွေကျပ် ၄၁၅ သိန်း လိမ် လည် ခဲ့သည်ကို လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖော်ထုတ် သိရှိရသဖြင့် ၂ဝ၁၅ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်တွင် ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီး တရားဥပဒေ နှင့်အညီ အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။(၁၀၀)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment