Pages

Thursday, January 22, 2015

တပ်မတော် အရာရှိများအသွင် ဟန်ဆောင်ကာ လိမ်လည်မှု ပြုလုပ်သော အဖွဲ့အား ဖော်ထုတ်ဖမ်းဆီး



နေပြည်တော် ၊ ၂၂-၁-၂၀၁၅

တပ်မတော် အရာရှိကြီးများ အသွင် ဟန်ဆောင်၍ လိမ်လည်လျက် ရှိကြောင်း သတင်းရရှိ သဖြင့် စုံစမ်းမှုများ ပြုလုပ်ခဲ့ရာ ဇန်နဝါရီ ၁၅ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ကမာရွတ်မြို့နယ်၊ ဗဟိုလမ်း၊ လှည်းတန်းခုံးကျော် တံတားအနီး၌ မျိုးမြင့်အောင် (ခ) သန်းဝင်း (ခ) မွတ်တား၊ ကျော်စိုးနိုင်၊ မျိုးမင်းထွန်း၊ တင်တင်ညို နှင့် သဲမာမျိုး တို့အား လည်းကောင်း၊ ၄င်းတို့နှင့် ဆက်စပ်ပြီး သိန်းလွင် (ခ) ကရင် နှင့် ကိုနိုင် တို့အား လည်းကောင်း အသီးသီး ဖမ်းဆီး ထိန်းသိမ်း နိုင်ခဲ့သည်။

ဖြစ်စဉ်တွင် မျိုးမြင့်အောင် (ခ) သန်းဝင်း (ခ) မွတ်တား၊ ကျော်စိုးနိုင်၊ မျိုးမင်းထွန်း၊ တင်တင်ညို၊ သိန်းလွင် (ခ) ကရင် နှင့် ကိုနိုင် တို့သည် လိမ်လည်မှု ပြုလုပ်ရာ၌ မျိုးမြင့်အောင် (ခ) သန်းဝင်း(ခ) မွတ်တားနှင့် ကျော်စိုးနိုင် တို့ နှစ်ဦးမှာ ဗိုလ်ကြီး အဆင့်နှင့် မျိုးမင်းထွန်း မှာ အကူအဖြစ် လည်းကောင်း၊ အရာရှိကြီး အဖြစ် သိန်းလွင် (ခ) ကရင်နှင့် လူယုံအဖြစ် ကိုနိုင်တို့မှ လည်းကောင်း အသီးသီး အယောင်ဆောင် ၍ ရန်ကုန်လမ်းညွှန်၊ တီဗွီကြော်ငြာ များမှ တစ်ဆင့် လုပ်ငန်းရှင် များအား ပစ်မှတ်ထား ကာ ဖုန်းနံပါတ်များ ရယူ ဆက်သွယ်ပြီး ငွေကြေး လိမ်လည်မှုများ ပြုလုပ်ခြင်း ဖြစ်သည်။

အဆိုပါအဖွဲ့ အနေဖြင့် ရွှေဘိုမြို့မှ ဆိပ်ခွံပုဆိုး အထည်လုပ်ငန်း၊ မန္တလေးမြို့မှ မီးသွေးဖို လုပ်ငန်း၊ စဥ့်အိုးလုပ်ငန်း၊ မီးအားမြှင့်စက် ရောင်းဝယ်ရေး လုပ်ငန်း၊ ဘေစင် ရောင်းဝယ်ရေး လုပ်ငန်း၊ ညောင်ဦးမြို့မှ ယွန်းထည် ပစ္စည်း လုပ်ငန်း၊ တမူးမြို့မ အမဲသား လုပ်ငန်း စသည့် လုပ်ငန်းရှင်များ ထံ တပ်မတော် အရာရှိများ အမည်ခံ၍ ဆက်သွယ်ကာ မမျှော်လင့် ထားသော အရေအတွက် များ မှာယူခဲ့ ကြကြောင်း၊ ပစ္စည်းများ မှာယူပြီးနောက် စရန်ငွေ တစ်ဝက် ပေးချေရန် အကြောင်းကြား ခေါ်ယူ၍ လုပ်ငန်း ပေးအပ်သော အရာရှိကြီး နှင့် တွေ့ဆုံစေပြီး ဂါရဝကြေး အဖြစ် မုန့်ပုံးအတွင်း ငွေကြေး ထည့်သွင်း ပေးအပ် စေခြင်းဖြင့် လိမ်လည် ရယူခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ အဖွဲ့သည် လမ်းညွှန် စာအုပ်နှင့် ကြော်ငြာများမှ နယ်မြေများတွင် လုပ်ကိုင်နေသော လိမ်လည်၍ ရနိုင်မည့် လုပ်ငန်းရှင်များ၊ အရောင်း နည်းပါး၍ စိတ်ဝင်စားမှု အတော်အသင့် နည်းပါးသည့် လုပ်ငန်းငယ်များ (စဥ့်အိုး၊ အမဲသား) ၏ ရောင်းချမှု အားနည်းသည့် အခြေအနေအား ပစ်မှတ်ထားကာ တပ်မတော်၏ အရှိန်အဝါကို အသုံးပြုပြီး ဈေးနှုန်းမြှင့် အရေအတွက် များများ ဝယ်ယူမည့် ပုံသဏ္ဌာန်ဆောင် မက်လုံးပေး၍ ဂါရဝကြေး ဟု ပြောဆို ဉာဏ်ဆင်ကာ တပ်မတော် အရာရှိများ သဖွယ် အယောင်ဆောင်၍ လုပ်ငန်းရှင် များအား လိမ်လည်ခဲ့ သဖြင့် ဥပဒေနှင့် အညီ အရေးယူ နိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။(၁၀၀)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment