Pages

Thursday, January 22, 2015

ကေအိုင်အေ(ကချင်) အဖွဲ့မှ တပ်သားအဆင့်ရှိသူ တစ်ဦးအား ဖမ်းဆီးရမိ



ဖားကန့် ၊ ၂၂-၁-၂၀၁၅

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးတုံကျေးရွာ အနီးရှိ တပ်မတော် စစ်ကြောင်းများ ရှိသည့် လုံးတုံစခန်း အခြေအနေ အား ဇန်နဝါရီ ၁၉ ရက် နံနက် ၁ နာရီခန့်တွင် မသင်္ကာ ဖွယ်ရာ လူတစ်ဦးမှဆိုင်ကယ်ဖြင့် ရပ်တန့်၍ စောင့်ကြည့် နေသဖြင့် တပ်မတော် စစ်ကြောင်းမှ စစ်ဆေးရာ ၄င်းမှာ မြသီတာရပ်ကွက်၊ ဟိုပင်မြို့နယ်ခွဲ နေသူ ကေအိုင်အေ (ကချင်)အဖွဲ့၊ တပ်ရင်း(၆)၊ တပ်ခွဲ(၁)မှ တပ်သားအဆင့် ရှိ ဇော်ဂျာ၊ ၃ဝ နှစ် (ဘ) ဦးဇော်တန် ဖြစ်ကြောင်း နှင့် ၄င်းသည် အောင်ဘာလေ စခန်းမှ ဥရုချောင်း အတိုင်း ထွက်ပြေး လာခြင်း ဖြစ်ကြောင်း သိရှိရသည်။(၁၀၀)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment