Pages

Tuesday, January 27, 2015

လူ ၂၃ ဦးနှင့်အတူ ရေမဆေးကျောက်များ တင်ဆောင်ထားသည့် ယာဉ် ၁၀ စီးနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ


မြစ်ကြီးနား ၊ ၂၇-၁-၂၀၁၅

ကချင်ပြည်နယ်၊ ဆင်ဘို အနောက်ခြမ်း ဒေသတွင် တပ်မတော် စစ်ကြောင်း များက နယ်မြေ လုံခြုံရေး ဆောင်ရွက်စဉ် ဇန်နဝါရီ ၂၅ ရက် နံနက် ၄ နာရီခန့်၌ လုပ်ဒါယာဉ် တစ်စီးဖြင့် လမ်းကြောင်း ဖောက်နေသော လူများအား တွေ့ရှိရ သဖြင့် စိစစ်ရာ အမျိုးသား ၂၃ ဦးနှင့်အတူ ရေမဆေး ကျောက်များ တင်ဆောင် ထားသည့် ယမ်းဖောင် ခြောက်ဘီးယာဉ် ရှစ်စီး၊ လင့်ခရုဇာယာဉ် တစ်စီး၊ လုပ်ဒါယာဉ် တစ်စီး၊ ၉ မမ ပစ္စတို တစ်လက်၊ ၄င်းကျည်အိမ် တစ်ခုနှင့် ကျည် ခုနစ်တောင့် တို့အား ဖမ်းဆီး ရမိခဲ့သည်။

အဆိုပါ ဖမ်းဆီး ရမိသော အမျိုးသား ၂၃ ဦးအား ဥပဒေနှင့် အညီ အရေးယူ ဆောင်ရွက်ရေး ဆင်ဘိုမြို့နယ် ရဲစခန်းသို့ လည်းကောင်း၊ ယာဉ် ၁ဝ စီးနှင့် ရေမဆေးကျောက် များအား ကျောက်မျက် တူးဖော်ရေး ဌာန (စခန်းရုံး)၊ မြစ်ကြီးနားမြို့ သို့ လည်းကောင်း စနစ်တကျ လွှဲပြောင်းအပ်နှံ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment