Pages

Tuesday, January 27, 2015

နိုင်ငံခြားခရီးသွား ဧည့်သည်များ လည်ပတ်ရာတွင် နှစ်သက်စွာ စီးနင်းလေ့ရှိသည့် အငှားလိုက်လှည်းယာဉ်များ


မင်းကွန်းယဉ်ကျေးမှုနယ်မြေ မှ လှည်းယာဉ်များ

မင်းကွန်း ၊ ၂၇-၁-၂၀၁၅

စစ်ကိုင်းတိုင်း ဒေသကြီး မင်းကွန်း ယဉ်ကျေးမှုနယ်မြေသို့ ယခုရက်ပိုင်း အတွင်း ရေလမ်း ခရီးဖြင့် နိုင်ငံခြား ခရီးသွား ဧည့်သည် လာရောက် လည်ပတ်မှု များပြားသဖြင့် ဒေသခံ လှည်းသမားများမှာ နေ့စဉ်ဝင်ငွေ ကောင်းလျက် ရှိကြောင်း သိရသည်။

နိုင်ငံခြား ခရီးသွား ဧည့်သည် များသည် စစ်ကိုင်းတိုင်း ဒေသကြီး မင်းကွန်း ယဉ်ကျေးမှု နယ်မြေအတွင်း သွားလာရန် လှည်းယာဉ်များ (ပုံ) ကို နာရီပိုင်းဖြင့် ငှားရမ်းကာ ပုထိုးတော်ကြီး၊ မင်းကွန်း ခေါင်းလောင်းကြီး၊ ခြင်္သေ့ကြီးများ နှင့် မြသိန်းတန် စေတီတော် များသို့ သွားရောက် လေ့လာကြသည်။ လှည်းသမားများမှာ နိုင်ငံခြား ခရီးသွား ဧည့်သည် များကို တစ်နေ့တာ လိုက်ပါ ပို့ဆောင် ပေးသည့် ဝင်ငွေ အနေဖြင့် မြန်မာငွေကျပ် ၁ဝဝဝဝ ရရှိကြောင်း သိရသည်။

လှည်းယာဉ် တစ်စီးလျှင် နိုင်ငံခြား ခရီးသွား ဧည့်သည် ငါးဦး တင်ဆောင် နိုင်ကာ စစ်ကိုင်းတိုင်း ဒေသကြီး မင်းကွန်း ယဉ်ကျေးမှု နယ်မြေတွင် အစီးရေ ၂ဝ ရှိပြီး နေ့စဉ် လူဦးရေ ၁ဝဝ ခန့် လာရောက် လည်ပတ်လျက် ရှိကြောင်း သိရသည်။ ယင်းနယ်မြေသည် ရှေးဟောင်း ယဉ်ကျေးမှု လက်ရာ အနုပညာများနှင့် ရှေးဟောင်း စေတီတော်များ အများအပြား တည်ရှိသည့် နယ်မြေတစ်ခု ဖြစ်ကြောင်း သိရသည်။

မင်းသော်တာလွင်

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment