Pages

Tuesday, January 27, 2015

ဆင်ခိုးဂိုဏ်းမှ တရားခံသုံးဦး ကို လက်နက်ခဲယမ်းများနှင့် အတူ ဖမ်းဆီးရမိ



ငပုတော ၊ ၂၇-၁-၂၀၁၅

ဧရာဝတီတိုင်း ဒေသကြီး၊ ငပုတော မြို့နယ်၊ ပုသိမ်- မော်တင် ကားလမ်း မိုင်တိုင် ၃ဝ နှင့် ၇ဝ ကြား သစ်တော ကြိုးဝိုင်းအတွင်း ဆင်ခိုးဂိုဏ်း အဖွဲ့မှ ဆင်များအား သတ်ဖြတ်၍ ဆင်နှာမောင်း၊ ဆင်အသား နှင့် ဆင်သားရေ များကို ဖြတ်ယူ နေကြောင်း သတင်းအရ နယ်မြေခံ တပ်မတော် စစ်ကြောင်း နှင့် တိုင်းဒေသကြီး ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ဇန်နဝါရီ ၂၂ ရက်မှစ၍ လုံခြုံရေး ဆောင်ရွက် ခဲ့ရာ ဇန်နဝါရီ ၂၄ ရက်တွင် ငပုတော မြို့နယ်၊ ကျောက်ဖျားေ ကျးရွာရှိ တဲအတွင်းမှ ရာသင်း (ခ) ထွန်းရာကြီး အား အရှည် ၄ ပေခန့်ရှိ တူမီးသေနတ် တစ်လက်၊ အရှည် ၃ ပေခန့်ရှိ တူမီးသေနတ် တစ်လက်၊ သံဘောစိ အရွယ်စုံ ၅၈ လုံးတို့နှင့် အတူ ဖမ်းဆီး ရမိခဲ့သည်။

ဖမ်းဆီး ရမိသော တရားခံအား စိစစ် မေးမြန်းချက် အရ ဆင်ခိုးဂိုဏ်း တွင် ပါဝင်သော နိုင်ဝင်းနှင့် အငယ်ကောင် တို့အား ဇန်နဝါရီ ၂၅ ရက်တွင် လုံခြုံရေး တပ်ဖွဲ့ဝင် များက ငပုတော မြို့နယ်၊ သာကျော်ကွင်း ကျေးရွာ၌ ထပ်မံ ဖမ်းဆီး ရမိခဲ့သည်။

အဆိုပါ ဆင်ခိုးဂိုဏ်းမှ ဖမ်းဆီးရမိ တရားခံ များအား ဥပဒေနှင့် အညီ အရေးယူ နိုင်ရေး ငပုတော မြို့နယ် ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်း အပ်နှံ ခဲ့ကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment