Pages

Wednesday, January 7, 2015

ဥပဒေမဲ့ အကြမ်းဖက်မှုများ ပြုလုပ်နေခြင်းများကို ရပ်ဆိုင်းပေးရန် ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့ကတောင်းဆို


ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့က ကေအိုင်အေ (ကချင်) လက်နက်ကိုင် အဖွဲ့၏ လူ့အခွင့်အရေး ချိုးဖောက်နေမှု ၊ ဥပဒေမဲ့ အကြမ်းဖက်မှုများ ပြုလုပ်နေခြင်း များကို ရပ်ဆိုင်းပေးရန် ဆန္ဒပြု နေစဉ်

မြစ်ကြီးနား ၊ ၇-၁-၂၀၁၅

ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ ဆုတောင်းပြည့် ဘုရားကြီးဝင်း အတွင်းတွင် ရှမ်းမျိုးနွယ်စု များက ဦးစီးကာ ကချင်ပြည်နယ် အတွင်းရှိ လူဦးရေ အများစု နေထိုင်သော ရှမ်းတိုင်းရင်းသား များနှင့် အခြား တိုင်းရင်းသားများ အပေါ် ကေအိုင်အေ (ကချင်) လက်နက်ကိုင် အဖွဲ့ဝင် များက လူ့အခွင့်အရေး ချိုးဖောက်မှု၊ စစ်ဘေးရှောင် ဒုက္ခသည်များ ဖမ်းဆီးမှု များအား ကမ္ဘာ့ ကုလသမဂ္ဂ ဆိုင်ရာ အဖွဲ့အစည်းများ နှင့် အခြား လူ့အဖွဲ့အစည်း များအား ပြသ အကူအညီ တောင်းခံခြင်း၊ အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေး ကို သဘောထား မှန်ကန်စွာ ဆောင်ရွက်ခြင်း မပြုဘဲ လူတစ်စု၊ တပ်ဖွဲ့တစ်ဖွဲ့ ကြီးပွားချမ်းသာ သြဇာ လွှမ်းမိုးရေးကို ဆောင်ရွက် နေမှုများ အမြန် ရပ်ဆိုင်းပေးရန် ဆန္ဒပြု တောင်းဆိုပွဲကို ၂ဝ၁၅ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ဆန္ဒပြု တောင်းဆိုရာတွင် ၂ဝ၁၃ ခုနှစ် အောက်တိုဘာလ နောက်ပိုင်းမှစ၍ ယနေ့ အချိန်အထိ ကေအိုင်အေ (ကချင်) လက်နက်ကိုင် အဖွဲ့၏ အတင်းအဓမ္မ လူသစ် စုဆောင်းခံရသူ လူငယ်လူရွယ် ၂၃၄ ဦးရှိပြီ ဖြစ်ကြောင်း၊ လာရောက် စာရင်းမပေးပို့ နိုင်သော စုံစမ်းနေဆဲ ဖြစ်သော လူများလည်း ကျန်ရှိ နေသေးကြောင်း၊ ကေအိုင်အေ (ကချင်) လက်နက်ကိုင် အဖွဲ့သည် အတင်းအဓမ္မ လူသစ် စုဆောင်းပြီး ရက်တို သင်တန်းများ ပေးကာ စစ်စခန်းများသို့ စေလွှတ်ခြင်း၊ မိုင်းထောင် ခိုင်းစေခြင်း တို့ကြောင့် အသက်ဆုံးရှုံး ရသူများစွာ ရှိနေကြောင်း၊ သေဆုံးသူများ အတွက်လည်း ကောင်းမွန်စွာ သင်္ဂြိုဟ်ပေးခြင်း၊ မိဘဆွေမျိုး များနှင့် ဆက်သွယ် အကြောင်းကြားခြင်း၊ ထောက်ပံ့ ပေးခြင်းများ လုံးဝ မရှိကြောင်း ဆန္ဒထုတ်ဖော် ခဲ့ကြသည်။

အခမ်းအနားသို့ ဒေသခံ ပြည်သူများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှု ခံခဲ့ရသည့် ဆွေမျိုး မိသားစုများ တက်ရောက်ခဲ့ ကြပြီး အခမ်းအနား အပြီးတွင် ကေအိုင်ကေ (ကချင်) လက်နက်ကိုင် အဖွဲ့၏ အတင်းအဓမ္မ လူသစ် စုဆောင်းပြီး အဓမ္မ ခိုင်းစေမှုကြောင့် ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့ ရသူများ၊ အသက်ဆုံးရှုံး သွားကြသူများအား ရည်စူး၍ အလှူဒါန ပြုလုပ်ကြကာ ဆုတောင်း မေတ္တာပို့ ခဲ့ကြကြောင်း သိရှိရသည်။ (၁၀၀)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment