Pages

Wednesday, January 7, 2015

မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာန မှ လူနေတိုက်ခန်းပေါင်း ၁၈၉၇၀ ခန့် တည်ဆောက်လျက်ရှိ



ရန်ကုန် ၊ ၇-၁-၂၀၁၅

ဆောက်လုပ်ရေး ဝန်ကြီးဌာန မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာန အနေဖြင့် ပြီးခဲ့သည့် ၂ဝ၁၃- ၂ဝ၁၄ ဘဏ္ဍာနှစ်တွင် လူနေတိုက်ခန်း ယူနစ် စုစုပေါင်း ၁၆၇၂ လုံးခန့် တည်ဆောက် ပေးခဲ့ပြီး လက်ရှိ ဘဏ္ဍာနှစ် တွင်လည်း တိုက်ခန်း စုစုပေါင်း ၂၃ဝဝဝ ကျော် တည်ဆောက်ရန် စီစဉ်ထားကာ လက်ရှိတွင် လူနေတိုက်ခန်း စုစုပေါင်း ၁၈၉၇ဝ ခန့် တည်ဆောက် လျက် ရှိကြောင်း အဆိုပါဌာန၏ ထုတ်ပြန်ချက် များအရ သိရသည်။

ကြီးပွားရေး အိမ်ရာ၊ ဝေပုလ္လ အိမ်ရာ၊ ရွှေ ပေါက်ကံ ၁၄ ရပ်ကွက် တန်ဖိုးနည်း အိမ်ရာ၊ ဘောဂဗလ အိမ်ရာ၊ ရန်ကင်း ဖွံ့ဖြိုးရေး အိမ်ရာ စီမံကိန်း၊ ရွှေလင်ပန်း စက်မှုမြို့ ရွှေလင်ပန်း တန်ဖိုးနည်း အိမ်ရာ စီမံကိန်း၊ ဝေဘာဂီ အိမ်ရာ စီမံကိန်း နှင့် ကနောင် တန်ဖိုးနည်း အိမ်ရာ စီမံကိန်းများ ဖော်ထုတ် ဆောင်ရွက်နေပြီး လက်ရှိ ဘဏ္ဍာနှစ်တွင် အောင်မြင့်မိုရ် အိမ်ရာ၊ ယုဇနအပိုင်း ၃ အိမ်ရာ၊ ရိုးမ တန်ဖိုးနည်း အိမ်ရာ၊ မြရည်နန္ဒာအိမ်ရာများကို ဖော်ထုတ် သွားရန် လျာထားသည်။

၂ဝ၁၃- ၂ဝ၁၄ ဘဏ္ဍာနှစ်မှ ၂ဝ၁၅- ၂ဝ၁၆ ဘဏ္ဍာနှစ်ထိ ဘဏ္ဍာနှစ် သုံးခုအတွင်း တည်ဆောက်ပြီး နှင့် တည်ဆောက်ဆဲ လူနေ တိုက်ခန်းများ အပါအဝင် စုစုပေါင်း လူနေ တိုက်ခန်းပေါင်း ၄၃၅ဝ၆ ခန်း အထိ ရှိလာမည် ဖြစ်ကြောင်း သိရသည်။

မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ယင်း ကဲ့သို့ အိမ်ရာ တည်ဆောက်ရေး လုပ်ငန်းများ ဖော်ထုတ်နေ သကဲ့သို့ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ဗဟို ကော်မတီ အနေဖြင့်လည်း ယခု ဘဏ္ဍာနှစ်တွင် လူနေ တိုက်ခန်းပေါင်း ၅ဝဝဝ ခန့် ဖော်ထုတ်လျက် ရှိနေသည်ဟု မြို့တော် စည်ပင် သာယာရေး ဗဟို ကော်မတီ၏ အကြံပေး ဦးကျော်လတ် က ပြီးခဲ့သည့် လတွင် ပြုလုပ်ခဲ့သည့် ရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေး ဆိုင်ရာ ဟောပြောပွဲ တစ်ခု၌ ပြောသည်။

၁၉၇၄ ခုနှစ်က စတုရန်းမိုင် ၈ဝ ခန့်သာ ကျယ်ဝန်း ခဲ့သည့် ရန်ကုန်မြို့သည် လက်ရှိတွင် စတုရန်း မိုင်ပေါင်း ၃ဝ၆ ထိ ကျယ်ဝန်း လာခဲ့ပြီး လူဦးရေ သိပ်သည်းဆ ငါးသန်းကျော် အထိ ရှိလာခြင်း ကြောင့် အိမ်ရာသစ် ဖော်ထုတ်မှုများ လိုအပ်လာခြင်း ဖြစ်ကြောင်း သိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment