Pages

Wednesday, January 7, 2015

၂၀၂၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၌ ခွာနာ လျှာနာရောဂါ ကင်းစင်ရန် ဆောင်ရွက်မည်


ရန်ကုန် ၊ ၇-၁-၂၀၁၅

မြန်မာနိုင်ငံ လူဦးရေ၏ ၇ဝ ရာခိုင်နှုန်း သည် ကျေးလက်နေ ပြည်သူများ ဖြစ်ကြပြီး ၄င်းတို့၏ လယ်ယာ လုပ်ငန်းများတွင် ကျွဲ၊ နွားများကို အသုံးပြု နေရဆဲ ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ခွာနာ လျှာနာ ရောဂါသည် ပြည်တွင်း၌ စိုက်ပျိုးရေး လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရန် ဆောင်ရွက်ရာတွင် အဟန့်အတား တစ်ခု ဖြစ်နေသည့် အတွက် ၂ဝ၂ဝ ပြည့်နှစ်တွင် ကင်းစင် ပပျောက်စေရန် ကြိုးပမ်း အကောင် အထည်ဖော် သွားမည် ဖြစ်ကြောင်း မွေးမြူရေး၊ ရေလုပ်ငန်း နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ခွာနာ လျှာနာ ရောဂါရှာဖွေရေး ဓာတ်ခွဲခန်း တစ်ခုကို တောင်ကိုရီးယား နိုင်ငံရှိ အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ၏ အကူအညီဖြင့် ပြည်တွင်း၌ ဖွင့်လှစ်ထားပြီး ဖြစ်သည်။

အဆိုပါ ဓာတ်ခွဲခန်း၌ ခွာနာ လျှာနာရောဂါ အပြင် ကြက်ငှက်တုပ်ကွေး ရောဂါ နှင့် တိရစ္ဆာန် များတွင် ဖြစ်ပွား တတ်သည့် အခြားသော ရောဂါ တို့ကိုလည်း သုတေသန ပြုလုပ်ခြင်း၊ ရောဂါ ရှာဖွေခြင်း တို့ကို လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် တိရစ္ဆာန် မွေးမြူရေး နှင့် ကုသရေး တက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများ အတွက် သင်ကြားရေး အထောက်အကူပြု လုပ်ငန်းများ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ပြည်တွင်း၌ ခွာနာ လျှာနာရောဂါ ကင်းစင်ပပျောက် စေရန် ဆောင်ရွက်နိုင်မည် ဆိုပါက နိုင်ငံတော်၏ လယ်ယာ စိုက်ပျိုးရေး ကဏ္ဍတွင် သာမက နို့စားနွားနှင့် အသားစားနွား မွေးမြူရေး လုပ်ငန်းများ ၌ပါ အကျိုးရလဒ်ကောင်းများ ရရှိလာနိုင်မည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment