Pages

Wednesday, December 31, 2014

ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးနှင့် သက်ဆိုင်သော Web Portal များ လွှင့်တင်ရန်စီစဉ်



ရန်ကုန် ၊ ၃၁-၁၂-၂၀၁၄

မြန်မာနိုင်ငံ၌ e-Government စနစ် အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် တစ်ဖက် တစ်လမ်းမှ ပါဝင်သည့် အနေဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးနှင့် သက်ဆိုင်သော Web Portal များကို ပုံစံ တစ်ပြေးညီဖြင့် လွှင့်တင်နိုင်ရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ထိုသို့ Web Portal များ လွှင့်တင်ခြင်းကို အကောင် အထည်ဖော်နိုင် ရန် သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး များရှိ ကွန်ပျူတာ လုပ်ငန်းရှင် အသင်းများ နှင့် မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်တို့ ပူးပေါင်း ဆောင်ရွက်ကြမည် ဖြစ်သည်။ လက်ရှိတွင် ရန်ကုန်တိုင်း ဒေသကြီးနှင့် သက်ဆိုင်သော e-Yangon Web Portal ( www.http://eyangon.gov.mm/ )ကို လွှင့်တင်ထားပြီး ဧရာဝတီတိုင်း ဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီး တို့တွင်လည်း ကိုယ်စားပြု Web Portal များ အကောင် အထည်ဖော် နိုင်ရန် စီစဉ်ဆောင်ရွက် နေပြီ ဖြစ်ကြောင်း သိရသည်။ 

အဆိုပါ တိုင်းဒေသကြီး များအပြင် ကျန် ပြည်နယ်နှင့် တိုင်းဒေသကြီး များတွင်လည်း ဆက်လက် အကောင် အထည်ဖော် သွားမည် ဖြစ်ပြီး Web Portal များအချင်းချင်း အလွယ်တကူ ချိတ်ဆက် ဆောင်ရွက်နိုင်ရန် တစ်ပြေးညီ ပုံစံဖြင့် လွှင့်တင်ရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ် မှ သိရသည်။

ဆောင်းဦး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment