Pages

Wednesday, December 31, 2014

မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့အား အမေရိကန်နိုင်ငံ မှ ကူညီပေးရန် ကမ်းလှမ်း



ရန်ကုန် ၊ ၃၁-၁၂-၂၀၁၄

မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး တပ်ဖွဲ့အား အမေရိကန်နိုင်ငံမှ ကူညီ ဆောင်ရွက်ပေးရန် ကမ်းလှမ်းထားကြောင်း လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး တပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦး က ပြောသည်။

''လူကုန်ကူးမှု တိုက်ဖျက်ရေး အတွက် အမေရိကန်နိုင်ငံ က ကမ်းလှမ်းတာတွေ ရှိတယ်။ ဘာလိုအပ်လဲ၊ ဘယ်လို သင်တန်းမျိုး လိုချင်လဲဆိုပြီး ကမ်းလှမ်း တာပေါ့။ သင်တန်းသား တွေကို ဟိုကို ခေါ်ပြီး သင်တန်းပေးရင် အကျိုးရှိ သလား။ ဒါမှမဟုတ် သင်တန်းနည်းပြ လွှတ်ရမလား ဆိုပြီး အကူအညီ ပေးဖို့ ကမ်းလှမ်းလာ ပါတယ် ... '' ဟု လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦး က ပြောသည်။

အမေရိကန်နိုင်ငံ၏ ကမ်းလှမ်းချက်ကို ၂ဝ၁၅ ခုနှစ်အတွင်း ဆောင်ရွက်မည့် စီမံကိန်းတွင် ထည့်သွင်းထားပြီး လတ်တလော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အနေဖြင့် မည်သို့ ပူးပေါင်း ဆောင်ရွက် မည်ကို အကြောင်းပြန် ထားခြင်း မရှိသေးကြောင်း သိရသည်။  လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး တပ်ဖွဲ့ တစ်ခုတည်း မဟုက်ဘဲ အခြားတပ်ဖွဲ့ များ၏ ကိစ္စများကိုလည်း ညှိနှိုင်း ဆောင်ရွက်ရန် ကမ်းလှမ်းခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေးတပ်ဖွဲ့ ငါးနှစ်စီမံကိန်း တွင် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ နှင့် ပတ်သက်၍ ပူးပေါင်း ဆောင်ရွက်ရန် ရည်ရွယ်ထားကြောင်း၊ ၂ဝ၁၄ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလ အထိပြည်တွင်း၌ လူကုန်ကူးမှု ၁ဝ၈ မှု အထိ ရှိခဲ့ကြောင်း သိရသည်။ (၄၄၇)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment