Pages

Monday, December 29, 2014

အွန်လိုင်း ဆိုက်ရောက်ဗီဇာစနစ်ကြောင့် ဗုဒ္ဓဂယာဘုရားဖူး အရေအတွက် တိုးလာနိုင်



ရန်ကုန် ၊ ၂၉-၁၂-၂၀၁၄

မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၄၃ နိုင်ငံမှ ခရီးသွား ဧည့်သည်များအား ယခုလလယ်မှ စတင်၍ အိန္ဒိယ ဆိုက်ရောက် ဗီဇာကို အွန်လိုင်းမှ တစ်ဆင့် လျှောက်ထား နိုင်ပြီဖြစ်ရာ ယင်းစနစ်ကြောင့် မြန်မာနိုင်ငံမှ ဗုဒ္ဓဂယာသို့ သွားရောက် ဖူးမြော်မည့် ဘုရားဖူး အရေအတွက် တိုးလာနိုင်ကြောင်း ဗုဒ္ဓဂယာ ဘုရားဖူး လုပ်ငန်း ကော်မတီမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

အိန္ဒိယ ဆိုက်ရောက်ဗီဇာ ကို အွန်လိုင်းမှ တစ်ဆင့် လျှောက်ထားရာတွင် တစ်နှစ်လျှင် နှစ်ကြိမ် လျှောက်ထားနိုင်ပြီး တစ်ကြိမ်လျှင် ရက်ပေါင်း ၃ဝ သာ ရရှိကြောင်း၊ အွန်လိုင်းဗီဇာ ကို ၇၂ နာရီအတွင်း အီးမေးလ်ဖြင့် လျှောက်ထားနိုင်ပြီး ထိုကဲ့သို့ လျှောက်ထား ရာတွင် အီးမေးလ်မှ ပြန်လည် ပေးပို့သော ခွင့်ပြုချက်ကို ပုံနှိပ်၍ အိန္ဒိယနိုင်ငံ၏ နိုင်ငံတကာ လေဆိပ် ကိုးခုမှ ဝင်ရောက် နိုင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါစနစ်ကို သုံးစွဲရာတွင် အဆင်ပြေ ပါက ဗုဒ္ဓဂယာသို့ ဘုရားဖူး သွားရောက်မည့် အရေအတွက်မှာ ယခုထက် ပိုမိုတိုးတက် လာနိုင်မည် ဖြစ်ကြောင်း သိရသည်။ ယခုကျင့်သုံး နေသောစနစ်မှာ ဗီဇာရရှိရန် အချိန်တစ်လခွဲ ခန့်ယူပြီး တစ်ရက်လျှင် ခရီးသွား ကုမ္ပဏီ တစ်ခုမှ လူဦးရေ ၁ဝ ဦးသာ လက်ခံလျက် ရှိကြောင်း သိရသည်။ 

နေနေ

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment