Pages

Monday, December 29, 2014

အမျိုးသားေးရးအားမာန်


အမျိုးသားေးရးအားမာန်

နယ်ချဲ့လက်အောက် ကျွန်သပေါက် ဘဝသို့ ကျရောက်ခဲ့ ရသည့် ကမ္ဘာပေါ်ရှိ နိုင်ငံများသည် သူ့ကျွန်ဘဝမှ လွတ်မြောက်အောင် ရုန်းထွက်ကြ ရာ၌ ထိုနိုင်ငံတို့ရှိ ပြည်သူတို့၏ အသက် သွေး၊ ချွေး ပေါင်း မြောက်မြားစွာ ပေးဆပ်ပြီး မှသာ လွတ်လပ်သော နိုင်ငံအဖြစ်သို့ ရရှိခဲ့ကြ ရသည်။

ထိုသို့ နိုင်ငံ လွတ်လပ်ရေး ရရှိအောင် ကြိုးပမ်း ရုန်းကန်ရာ၌ နှစ်ပေါင်းများစွာ အားထုတ်ခဲ့ ကြရပြီး ထိုနိုင်ငံ အနေဖြင့် သူ့ကျွန်ဘဝ ရောက်ရှိရခြင်း မှာလည်း စည်းလုံး ညီညွတ်မှု ပြိုကွဲခြင်း၊ အမျိုးသားရေး စိတ်ဓာတ် လျော့နည်း လာခြင်း တို့ကြောင့် ဖြစ်သည်။

ထို့အတူ မြန်မာနိုင်ငံ၏ သမိုင်းကြောင်းကို ပြန်ကြည့်လျှင် လည်း နယ်ချဲ့ လက်အောက် ကျွန်သပေါက် ဘဝ၌ နှစ်ပေါင်း တစ်ရာကျော်တိုင် ခါးသီးစွာ နေထိုင်ခဲ့ကြ ရပြီးနောက် ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် လုံးဝ လွတ်လပ်သော မြန်မာနိုင်ငံ အဖြစ်သို့ ပြန်လည် ရရှိခဲ့သည်။ ထိုကဲ့သို့ လွတ်လပ်ရေး ရရှိခဲ့ခြင်းမှာ အမျိုးသား စည်းလုံး ညီညွတ်မှုကို ပြန်လည် တည်ဆောက် နိုင်ခြင်း၊ လုံးဝ လွတ်လပ်သော နိုင်ငံအဖြစ်သို့ ပြန်လည် ရရှိလိုသော ထက်သန် ပြင်းပြသည့် အမျိုးသားရေး အားမာန် များ တိုးပွားလာခြင်း တို့ကြောင့် ဖြစ်သည်။

မြန်မာနိုင်ငံ၏ လွတ်လပ်ရေး အတွက် မြန်မာ တစ်မျိုးသားလုံး၏ အမျိုးသားရေး အားမာန် အထက်သန် အပြင်းပြဆုံး သော အချိန်မှာ ၁၉၄၂ ခုနှစ်တွင် ''သခင်မျိုးဟေ့ ဒို့ဗမာ'' ဟု လက်ခမောင်းခတ် ကြွေးကြော် ခဲ့ကြသော အချိန်ကာလ ဖြစ်သည်။ ထို ကြွေးကြော်သံ နှင့်အတူ မျိုးချစ်စိတ်ဓာတ် ရှိသူ လူငယ်၊ လူရွယ်အားလုံး မြန်မာ့ လွတ်လပ်ရေး အတွက် တိုက်ပွဲဝင် ခဲ့ကြသည်။

ထို့အတူ တိုင်းရင်းသား စည်းလုံး ညီညွတ်မှုကို အခြေခံသည့် နိုးကြား တက်ကြွသော အမျိုးသားရေး အားမာန်များ၊ ပြည်သူလူထု တစ်ရပ်လုံးတွင် ပေါက်ဖွား လာပြီး ပြင်းပြသည့် အမျိုးသားရေး စိတ်ဓာတ်များ ထက်သန် လာသည်။

ထို့ကြောင့် မျိုးချစ် တပ်မတော်တွင် လူတန်းစား အလွှာစုံမှ မြန်မာ တစ်မျိုးသား လုံးပါဝင် အားဖြည့် သွေးသစ်လောင်း ခဲ့ပြီး ရဲဘော်သုံးကျိပ် ဦးဆောင်သည့် ဗမာ့ လွတ်လပ်ရေး တပ်မတော် နှင့်အတူ ကျူးကျော်သူ နယ်ချဲ့တို့ကို အမြစ်ပါ မကျန် တွန်းလှန်ချေမှုန်း နိုင်ခဲ့သည်။

သို့ဖြစ်ရာ ထိုကဲ့သို့ အဖွဲ့အစည်း အသီးသီး၊ လူတန်းစား အလွှာအသီးသီး တို့အနေဖြင့် အမျိုးသားရေး အားမာန် အပြည့်ထားကာ အမျိုးသားရေး တာဝန်  တစ်ရပ်ကို အောင်မြင်စွာ ပူးပေါင်း အကောင် အထည်ဖော် နိုင်ခဲ့ခြင်းသည် ရှေ့ဆက်ရမည့် ခရီးလမ်း အတွက် ခွန်အားသစ်များ ဖြစ်သောကြောင့် ထိုအမျိုးသား ညီညွတ်ရေး စိတ်ဓာတ်များဖြင့် ငြိမ်းချမ်း သာယာသော ခေတ် တစ်ခေတ်ကို ဆက်လက် တည်ဆောက် ကြရန် တိုက်တွန်း ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment