Pages

Wednesday, December 31, 2014

ဥရောပဈေးကွက်သို့ ပဲများတင်ပို့ရာတွင် အရည်အသွေး သတ်မှတ်ချက် များပြားသည့်အတွက် ပြည်တွင်းမှ ကုန်သည်များ အခက်တွေ့



ရန်ကုန် ၊ ၃၁-၁၂-၂၀၁၄

ပြည်တွင်းမှ ထွက်ရှိသော ပဲမျိုးစုံကို ဥရောပနိုင်ငံ များသို့ တင်ပို့နိုင် စေရေး မြန်မာနိုင်ငံမှ ပဲနှမ်း ကုန်သည်များ အသင်း၊ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန နှင့် ဥရောပသမဂ္ဂ (EU) မှ သက်ဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်း၍ ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ရာ သဘော တူညီမှုများ ရရှိခဲ့သည့် အတွက် ယခုအခါ ဥရောပ နိုင်ငံများသို့ ပဲများ စတင် တင်ပို့နိုင်ပြီ ဖြစ်သော်လည်း အရည်အသွေးပိုင်း ဆိုင်ရာ သတ်မှတ်ချက် များပြား သောကြောင့် ပဲပို့ကုန် လုပ်ငန်းရှင်များ အနေဖြင့် တင်ပို့ရန် အခက်အခဲများ ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။

ဥရောပသမဂ္ဂ မှ သတ်မှတ်ထားသော အရည်အသွေး ပိုင်းဆိုင်ရာ သတ်မှတ်ချက် များထဲတွင် ပဲအမျိုးအစား ကောင်းမွန်ခြင်း၊ စိုက်ပျိုးရေး နည်းစနစ် မှန်ကန်ခြင်း၊ စိုက်ပျိုးရေ သန့်စင်မှု ရှိခြင်း၊ ထုပ်ပိုးမှု စည်းစနစ် ကျခြင်းနှင့် သိုလှောင်ရုံများ သန့်ရှင်းခြင်း စသည့် အချက်များကို စံနှုန်းများ သတ်မှတ် ထားခြင်းနှင့် အခြားသော စည်းကမ်းချက်များ သတ်မှတ် ထားခြင်းတို့ကြောင့် မြန်မာကုန်သည် များနှင့် ပို့ကုန် လုပ်ငန်းရှင်များ စံချိန်မီ အရည်အသွေးမြင့် ပဲများ ရှာဖွေဝယ်ယူ ရာတွင် အခက်အခဲများ ကြုံတွေ့ နေရခြင်း ဖြစ်ကြောင်း ပဲပို့ကုန် လုပ်ငန်းရှင် တစ်ဦး က ပြောသည်။

ဥရောပ ပဲဈေးကွက်သည် ကြီးမား ကျယ်ပြန့်သော ဈေးကွက်တစ်ခု ဖြစ်ပြီး လုပ်ငန်းရှင်များ အနေဖြင့် အကျိုး အမြတ်များစွာ ရရှိနိုင် သော်လည်း ယင်းကဲ့သို့ နိုင်ငံတကာ ဈေးကွက်များသို့ တိုးဝင်နိုင် စေရန်နှင့် ရေရှည် တင်ပို့ နိုင်စေရန် အရည်အသွေး ထိန်းချုပ်မှုသည် အလွန် အရေးကြီး ကြောင်း ၄င်းက ဆက်လက် ပြောသည်။

ယခု လက်ရှိတွင် မြန်မာနိုင်ငံမှ ဥရောပသို့ ပဲများ တင်ပို့ရာတွင် တန်ဖိုးမြင့် ပဲထွက်ကုန်များ ဖြစ်သည့် အခွံချွတ် သန့်စင်ပြီး ပဲခြမ်းများကိုသာ ဦးစားပေး တင်ပို့ရန် စီစဉ်ထားကြောင်း သိရှိရသည်။

ဆောင်းဦး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment