Pages

Friday, December 26, 2014

သွေးအားနည်းရောဂါ ဖြစ်ပွားမှုနှုန်းသိရှိရန် ယူနီဆက်ဖ် နှင့် ကျန်းမာရေးဝန်ကြီးဌာန တို့ပူးပေါင်း၍ စစ်တမ်း ကောက်ယူရန်စီစဉ်


ရန်ကုန် ၊ ၂၆-၁၂-၂၀၁၄

မြန်မာနိုင်ငံ၌ သွေးအားနည်း ရောဂါ ခံစား နေကြရသော ဝေဒနာရှင်များ အရေအတွက်ကို လေ့လာသိရှိ နိုင်စေရန် ယူနီဆက်ဖ် နှင့် ကျန်းမာရေး ဝန်ကြီးဌာနတို့ ပူးပေါင်း၍ သွေးအားနည်း ရောဂါ ဖြစ်ပွားမှုနှုန်း စစ်တမ်း ကောက်ယူ သွားမည်ဖြစ်ကြောင်း အမျိုးသား အာဟာရဌာန (NNC)မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ စစ်တမ်း ကောက်ယူခြင်း လုပ်ငန်းကို ၂ဝ၁၅ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန် ရည်မှန်း ထားကြောင်း သိရသည်။

သွေးအားနည်း ရောဂါသည် လူ့အသက်ကို သေစေနိုင်လောက် သည်အထိ အန္တရာယ် မရှိသော်လည်း သွေးအားနည်း ရောဂါကြောင့် နောက်ဆက်တွဲ ရောဂါများ ဖြစ်ပွား လာနိုင်သည့် အတွက် ယခုကဲ့သို့ စစ်တမ်း ကောက်ယူရန် ဆုံးဖြတ်ရခြင်း ဖြစ်ကြောင်း သိရသည်။

ထို့အပြင် သွေးအားနည်း ရောဂါသည် နာတာရှည် ခံစားရတတ်သော ရောဂါ အမျိုးအစား ဖြစ်ပြီး ပြင်ပမှ အခြားရောဂါများ အလွယ်တကူ ဝင်ရောက် လာစေနိုင်သည့် ဆိုးကျိုးများနှင့် စိတ်ကျရောဂါ တို့ကိုလည်း ဖြစ်ပေါ်လာ စေနိုင်သောကြောင့် ပြည်တွင်း၌ လိုအပ်သော စီမံကိန်းများ ချမှတ် ဆောင်ရွက်ခြင်း ဖြစ်သည်။ ရှေးဦးစွာ သွေးအားနည်း ရောဂါ ဖြစ်ပွားနေသည့် လူဦးရေ၊ အဖြစ်များသော ဒေသ၊ ဝေဒနာရှင် များ၏ အသက်အရွယ် စသည်တို့နှင့် ပတ်သက်၍ စစ်တမ်းများ ကောက်ယူရန် စီစဉ်ရခြင်း ဖြစ်ကြောင်း သိရသည်။

သွေးအားနည်း ရောဂါသည် မြန်မာနိုင်ငံတွင် သာမက ကမ္ဘာ့နိုင်ငံ အများအပြား၌ ပါ တွေ့မြင်နေရသော သက်ကြီးပိုင်း အရွယ်များတွင် အဖြစ်များသည့် ရောဂါတစ်ခု ဖြစ်သည်။ မြန်မာနိုင်ငံ၌ သက်ကြီးပိုင်း ၆ဝ ရာခိုင်နှုန်း နီးပါးသည် သွေးအားနည်း ရောဂါဝေဒနာ ကို ခံစားနေရကြောင်း ကျွမ်းကျင်သော ဆေးပညာရှင် များက ခန့်မှန်းထား ကြကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment