Pages

Friday, December 26, 2014

တပ်မတော်စစ်သမိုင်းပြတိုက် သို့ ကင်းထောက်လူငယ် မောင်မယ်များ ၊ ဆရာ ဆရာမများ ၊ ကျောင်းသား ကျောင်းသူများ နှင့် အများပြည်သူ မိသားစုများ သွားရောက်လေ့လာ


ကင်းထောက် လူငယ်မောင်မယ်များ နှင့် ကျောင်းသား ကျောင်းသူများ တပ်မတော် စစ်သမိုင်းပြတိုက် ရှိ ပြင်ပပြကွက်များအား ကြည့်ရှု လေ့လာစဉ်

ကင်းထောက် လူငယ်မောင်မယ်များ နှင့် ကျောင်းသား ကျောင်းသူများ တပ်မတော် စစ်သမိုင်းပြတိုက် အတွင်း လှည့်လည် ကြည့်ရှု လေ့လာကြစဉ်


နေပြည်တော် ၊ ၂၆-၁၂-၂၀၁၄

နေပြည်တော်ရှိ တပ်မတော် စစ်သမိုင်းပြတိုက် သို့ ယမန်နေ့တွင် ပြည်နယ်နှင့် တိုင်းဒေသကြီး များမှ ကင်းထောက် လူငယ်မောင်မယ်များ၊ နေပြည်တော် အခြေခံပညာ အထက်တန်းကျောင်း များမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် အများပြည်သူ မိသားစုများ စုစုပေါင်း ၉၈၉ ဦးလာရောက် လေ့လာကြရာ တပ်မတော် စစ်သမိုင်းပြတိုက် နှင့် မော်ကွန်းတိုက်မှူး ရုံးမှ တာဝန်ရှိသူ တစ်ဦးက လေ့လာရေး အဖွဲ့ဝင် များအား ရှင်းလင်းဆောင် အတွင်း ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားကာ တပ်မတော် (ကြည်း၊ ရေ၊ လေ) သမိုင်းကြောင်းနှင့် တပ်မတော် စစ်သမိုင်းပြတိုက် အတွင်း ခင်းကျင်းပြသ ထားရှိမှု အခြေအနေ များကို ရှင်းလင်း ပြောကြားသည်။

ထို့နောက် လေ့လာရေး အဖွဲ့ဝင်များသည် တပ်မတော် စစ်သမိုင်းပြတိုက် ရှိ တပ်မတော် (ကြည်း) ပြခန်း၊ တပ်မတော်(ရေ ) ပြခန်းနှင့် တပ်မတော်(လေ) ပြခန်းများအား လှည့်လည် ကြည့်ရှုလေ့လာ ကြရာ ပြခန်းတာဝန်ရှိ သူများက လိုက်လံ ရှင်းလင်းပြသ ကြသည်။

ဆက်လက်၍ လေ့လာရေး အဖွဲ့ဝင်များသည် ပြင်ပပြကွက် များတွင် ခင်းကျင်းပြသ ထားသော ရှေးခေတ် ကြေးသွန်း အမြောက်များ၊ ဒုတိယကမ္ဘာစစ်နှင့် စစ်ပြီးကာလ တို့တွင် အသုံးပြုခဲ့သော အမြောက်/ သံချပ်ကာများ ရှေးခေတ် မြန်မာ့ တပ်မတော်သုံး ရိုးရာလှေကြီးများ၊ လက်ရှိ တပ်မတော်(ရေ )မှ အသုံးပြုလျက် ရှိသော စစ်ရေယာဉ် ပုံစံငယ်များ၊ တပ်မတော်(လေ) မှ အသုံးပြုခဲ့သော လေယာဉ်များ နှင့် အသုံးပြုဆဲလေယာဉ်များကို လှည့်လည် ကြည့်ရှုလေ့လာ ခဲ့ကြကြောင်း သိရှိရသည်။ (၁၀၀)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment