Pages

Monday, November 3, 2014

၂၀၁၅ ခုနှစ် အခွန်တစ်ပြေးညီ ဖြစ်ချိန်တွင် ကားသစ်ဈေးကွက် လူကြိုက်များ လာနိုင်


ရန်ကုန် ၊ ၃-၁၁-၂၀၁၄

လာမည့်နှစ်အတွင်း ယာဉ်အို ယာဉ်ဟောင်းများ အစားထိုး တင်သွင်းရသည့် မော်တော်ယာဉ် များကို အခွန်လျှော့ ပေးခြင်းမရှိဘဲ ပုံမှန် သတ်မှတ်နှုန်း အတိုင်း ကောက်ခံမှုသည် ကားသစ် ဈေးကွက်ကို စိတ်ဝင်စားမှု များပြား လာဖွယ် ရှိကြောင်း ကားသစ် တင်သွင်းသူ လုပ်ငန်းရှင်များ၏ သုံးသပ် ပြောကြားချက် အရ သိရသည်။

၂ဝ၁၅ ခုနှစ်အတွင်း တင်သွင်းသည့် ယာဉ်အို ယာဉ်ဟောင်း များကို အစားထိုး စီမံချက်ယာဉ် နှင့် ဖရီးပါမစ်ယာဉ် ဟူ၍ အခွန်ခွဲခြား ကောက်ခံမှု မရှိတော့ဘဲ ကညန အခွန်ကို ရာနှုန်းပြည့် ပေးဆောင်ရမည် ဖြစ်သည်။ အခွန်ကို ရာခိုင်နှုန်းပြည့် ကောက်ခံ လိုက်သဖြင့် တစ်ဖက်တွင် ယာဉ်အိုစလစ် တန်ဖိုးကျဆင်း သွားမည်ဖြစ်ပြီး အစားထိုး တင်သွင်းသော မော်တော်ယာဉ် ဈေးနှုန်းများ မှာ မြင့်တက် လာဖွယ် ရှိကြောင်း ၊ ထို့အပြင် ၂ဝ၁၅ ခုနှစ်အတွင်း မော်ဒယ်လ်မြင့် ကားများကို ကြိုက်နှစ်သက်မှု ပိုများ လာမည်ဖြစ်ရာ မော်တော်ယာဉ် အသစ် အခွန်နှုန်းထား များ လျော့ချပေးပါက ပို၍ ဈေးကွက် ကောင်းမွန် လာမည် ဖြစ်ကြောင်း သိရသည်။

ယခုအချိန် မော်တော်ယာဉ် တင်သွင်းရာ၌ အင်ဂျင်ပါဝါ ၁၈ဝဝ စီစီဖြစ်ပါက အကောက်ခွန် ၃၀ ရာခိုင်နှုန်း နှင့် ကုန်သွယ် လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း ပေးဆောင် ရမည် ဖြစ်ကြောင်း၊ အင်ဂျင်ပါဝါ ၁၈ဝဝ စီစီနှင့် ၂ဝဝဝ စီစီ ဖြစ်ပါက အကောက်ခွန် ၃ဝ ရာခိုင်နှုန်းနှင့် ကုန်သွယ် လုပ်ငန်းခွန် ၂၅ ရာခိုင်နှုန်း ပေးဆောင်ရမည် ဖြစ်ကြောင်း က-ည-န အခွန်အနေဖြင့် အင်ဂျင်ပါဝါ အနိမ့်အမြင့် ပေါ်မူတည်ပြီး ၈ဝ ရာခိုင်နှုန်း မှ ၁ဝဝ ရာခိုင်နှုန်း အထိ ပေးဆောင် နေရကြောင်း သိရသည်။

ကားအသစ် တင်သွင်း ရောင်းချသူများ လုပ်ငန်းရှင် အသင်း အနေဖြင့်လည်း ကားသစ်များ တင်သွင်းမှုအပေါ် ကောက်ခံနေသည့် အခွန်နှုန်းထား များကို လျော့ချပေးနိုင်ရန် သက်ဆိုင်ရာ ဌာနသို့ တင်ပြ ထားကြောင်းလည်း သိရှိရသည်။

စိုးမိုး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment