Pages

Monday, November 17, 2014

ဧရာဝတီတိုင်း ဒေသကြီးအတွင်း ၂၀၁၃ ခုနှစ် မိုးရာသီနှင့် ဆောင်းရာသီ စိုက်ပျိုးစရိတ် ကြွေးကျန် ငွေကျပ် သိန်းခြောက်သောင်းခွဲကျော် ရှိနေ


ရန်ကုန် ၊ ၁၇-၁၁-၂၀၁၄

ဧရာဝတီတိုင်းဒေသကြီး အတွင်း ၂ဝ၁၃ ခုနှစ် မိုးရာသီနှင့် ဆောင်းရာသီ စိုက်ပျိုးစရိတ် ကြွေးကျန် လယ်သမားဦးရေ တစ်သောင်းကျော် ရှိနေပြီး ကြွေးကျန်ငွေကျပ် သိန်းပေါင်း ခြောက်သောင်းခွဲ ကျော် ရှိနေကြောင်း သိရသည်။

ထို့ပြင် ၂ဝ၁၂ ခုနှစ် မိုးရာသီ နှင့် ဆောင်းရာသီ စိုက်ပျိုးစရိတ် ကြွေးကျန် လယ်သမား ၁၅၄ ဦးရှိပြီး ကြွေးကျန်ငွေကျပ် သိန်း ၆ဝဝ ကျော်ရှိကာ ဧရာဝတီတိုင်း ဒေသကြီး ၂၆ မြို့နယ်တွင် ယခုနှစ် မိုးရာသီနှင့် ဆောင်းရာသီ စိုက်ပျိုးစရိတ် ပြေကြေပြီး မြို့နယ်မှာ (၁ဝ) မြို့နယ်သာ ရှိပြီး ကြွေးကျန်မြို့နယ် (၁၆) မြို့နယ်ရှိကာ ဘိုကလေး၊ လပွတ္တာ၊ မအူပင် မြို့နယ်တို့တွင် ကြွေးကျန် အများဆုံးနှင့် ချေးငွေ ပြန်လည် ပေးဆပ်မှု အနည်းဆုံး မြို့နယ်တို့ ဖြစ်ကြောင်း သိရသည်။

ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ စိုက်ပျိုးစရိတ် ထုတ်ချေးငွေ ပြန်မဆပ် နိုင်သည့် လယ်သမားများကို အောက်မြန်မာပြည် မြေနှင့် အခွန်တော် အက်ဥပဒေပုဒ်မ (၄၅) နှင့် ကောက်ခံ အမှုဖွင့် ဆောင်ရွက်ကာ အရေးယူ ရမည့် အခြေအနေ သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် ဧရာဝတီတိုင်း ဒေသကြီး ဘဏ်ခွဲ တိုင်းဒေသကြီး ဦးစီးမှူး ဦးခင်မောင်လွင် က ပြောပြ၍ သိရသည်။

မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၊ ဧရာဝတီတိုင်း ဒေသကြီး ဘဏ်ခွဲ၏ နိုဝင်ဘာ ၇ ရက်အထိ ပြန်လည် ကောက်ခံရရှိမှု စာရင်းဇယားများ အရ ဧရာဝတီတိုင်း ဒေသကြီး အတွင်း ကြွေးကျန် လယ်သမား ဦးရေ ၁၁၃၄၈ ဦးရှိပြီး ကြွေးကျန်ငွေကျပ် ၆၆၃ဝ၃၆၆ဝဝဝ ရှိကြောင်း သိရသည်။ ထိုသို့ ကောက်ခံမှု ဆောင်ရွက်ရာတွင် သီးနှံတစ်ခုကို စိုက်ပျိုး ရိတ်သိမ်းပြီး မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် က သတ်မှတ် ထားသည့် ကာလ ကျော်လွန်ကာ ကြွေးမဆပ်သည့် လယ်သမားများ ကိုသာ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် အနေဖြင့် စိုက်ပျိုးစရိတ် ချေးငွေ ပြန်လည် ကောက်ခံရရှိမှု တွင် ကြွေးကျန်များ လာပါက ချေးငွေ လမ်းကြောင်း ပိတ်ဆို့ပြီး တောင်သူများမှာ ငွေချေး မရသည့် အခြေအနေသို့ ရောက်ရှိ နိုင်ကြောင်း သိရသည်။

အိအိအောင်

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment