Pages

Monday, November 17, 2014

ရန်ကုန်မြို့တော် တွင် နှစ်စဉ်ရေကြီးနေမှု ကို နယ်သာလန်နိုင်ငံ အကူအညီဖြင့် ဖြေရှင်း ဆောင်ရွက်မည်


ရန်ကုန် ၊ ၁၇-၁၁-၂၀၁၄

ပင်လယ် ရေမျက်နှာပြင် မြင့်တက်နေခြင်း နှင့် ရေမြောင်းများ ပိတ်ဆို့၍ ဒီရေတက်ခြင်း များကြောင့် ရန်ကုန်မြို့တော် တွင် နှစ်စဉ်ရေကြီး နေမှုကို နယ်သာလန် နိုင်ငံ အကူအညီ ဖြင့် ဖြေရှင်း ဆောင်ရွက် သွားရန်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ သိရသည်။

ရန်ကုန်မြို့ သည် မြစ်များ ဝန်းရံထားသည့် အတွက် နှစ်စဉ် ရေဘေးဒဏ် အဓိက ခံစားနေရခြင်း ဖြစ်ပြီး အဓိကအားဖြင့် ပင်လယ် ရေမျက်နှာပြင် မြင့်တက် နေခြင်းကြောင့် ရန်ကုန် မြို့လယ်ပိုင်း တွင် ရေကြီး၊ ရေလျှံခြင်းများ ဖြစ်ပေါ်နေ ရခြင်း ဖြစ်ကြောင်း သိရသည်။

ရေဘေးဒဏ် ခံစားနေရခြင်း မှာ ရေမြောင်းများ ပိတ်ဆို့မှုနှင့် ဒီရေတက်ခြင်း များကြောင့် ဖြစ်သည့် အပြင် သဘာဝ အနေအထားအရ မြေနိမ့်ဒေသ တစ်ခုလည်း ဖြစ်သောကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ် နေရခြင်း ဖြစ်သည်။ ထို့ကြောင့် ရန်ကုန်မြို့ ရေကြီး ရေလျှံမှုများ လျှော့ချနိုင်ရေး အတွက် ပြည်ပ နိုင်ငံများမှ အကူအညီများ ရယူခြင်း၊ နည်းပညာရှင် များက လာရောက် သင်တန်းပို့ချခြင်း နှင့် ဘတ်ဂျက်တိုးမြှင့် သုံးစွဲခြင်း စသည် တို့ကို ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ယခုအခါ နယ်သာလန်နိုင်ငံ Netherlands Institute For Cooperation in Higher Education (NUFFIC) နှင့် Internation Institule of Asia Studies (ILAS) တို့၏ ပံ့ပိုး ကူညီမှုဖြင့် ရာသီဥတု ပြောင်းလဲမှု အကျိုးဆက် အရ ရန်ကုန်မြို့ပြ စီမံကိန်း ရေးဆွဲခြင်း နှင့် စီမံခန့်ခွဲခြင်း ဆိုင်ရာ သင်တန်းများကို သင်ကြား ပို့ချလျက် ရှိကြောင်း သိရသည်။

အိအိအောင်

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment