Pages

Tuesday, November 11, 2014

မြန်မာတပ်မတော်(ရေ) မှ စစ်ရေယာဉ် မဟာဗန္ဓုလ ထိုင်းနိုင်ငံ နှင့် စင်ကာပူနိုင်ငံ များသို့ ချစ်ကြည်ရေး ခရီးထွက်ခွာ


ဧရာဝတီ ရေတပ်စခန်း ဌာနချုပ် ဌာနချုပ်မှူး ဗိုလ်မှူးချုပ် မောင်ဦးလွင် နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများက စစ်ရေယာဉ် မဟာဗန္ဓုလ အား ပို့ဆောင် နှုတ်ဆက်စဉ်


နေပြည်တော် ၊ ၁၁-၁၁-၂၀၁၄

မြန်မာ့ တပ်မတော်(ရေ ) မှ စစ်ရေယာဉ် မဟာဗန္ဓုလ သည် ထိုင်းနိုင်ငံနှင့် စင်ကာပူနိုင်ငံ များသို့ ချစ်ကြည်ရေးခရီး သွားရောက်ရန် အတွက် ယမန်နေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် သန်လျင်မြို့ရှိ အမှတ်(၃) ရေတပ် ဆိပ်ခံ တံတားမှ ထွက်ခွာရာ ဧရာဝတီ ရေတပ်စခန်း ဌာနချုပ် ဌာနချုပ်မှူး ဗိုလ်မှူးချုပ် မောင်ဦးလွင် နှင့် တပ်မတော်(ရေ ) မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများက ပို့ဆောင် နှုတ်ဆက်ကြသည်။

အဆိုပါ စစ်ရေယာဉ် မဟာဗန္ဓုလ တွင် အမှတ်(၁) ရေတပ် လေ့ကျင့်ရေး ကျောင်းမှ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ဌေးနိုင် ဦးဆောင်သော အဖွဲ့ဝင်များ လိုက်ပါ သွားကြပြီး ထိုင်းနိုင်ငံ နှင့် စင်ကာပူနိုင်ငံ များသို့ ဒီဇင်ဘာ ၁ ရက် အထိ ချစ်ကြည်ရေးခရီး သွားရောက် လည်ပတ်မည် ဖြစ်ကြောင်း သိရှိရသည်။ (၁ဝဝ)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment