Pages

Tuesday, November 11, 2014

မြန်မာ့သစ်လုပ်ငန်းအား ပြောင်းလဲလာသည့် စနစ်နှင့်အညီ ကော်ပိုရေးရှင်းအဖြစ် အသွင်ပြောင်းလဲ လုပ်ကိုင်မည်


ရန်ကုန် ၊ ၁၁-၁၁-၂၀၁၄

မြန်မာ့ သစ်လုပ်ငန်းသည် အရှုံးပေါ်ခဲ့ဖူးခြင်း မရှိသော်လည်း ပြောင်းလဲ လာသည့် စနစ်နှင့်အညီ ကော်ပိုရေးရှင်း အဖြစ် အသွင်ပြောင်းလဲ လုပ်ကိုင်မည် ဖြစ်ကြောင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သစ်တောရေးရာ ဝန်ကြီးဌာန မှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။ ''မြန်မာ့ သစ်လုပ်ငန်းကို Corporate အသွင်နဲ့သွားဖို့ စတင်ဆောင်ရွက် နေပါပြီ။ အခုဥပဒေ ရေးဆွဲ နေပါပြီ။ အရှုံးပေါ်လို့ မဟုတ်ပါဘူး။ သစ်လုပ်ငန်းက ဘယ်တုန်းကမှ အရှုံးမပေါ် ခဲ့ဖူးပါဘူး။ စနစ်နဲ့အညီ သွားနိုင်ဖို့ လုပ်တာပါ'' ဟု ၄င်းက ပြောသည်။ 

ယင်းကဲ့သို့ ကော်ပိုရေးရှင်း အသွင် ကူးပြောင်းမှု အတွက် လိုအပ်သည့် ဥပဒေကို သဘာဝ ပတ်ဝန်းကျင် နှင့် သစ်တောရေးရာ ဝန်ကြီးဌာနမှ ဦးဆောင်ပြီး အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်း များ၏ အကူအညီဖြင့် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။ 

လက်ရှိအချိန်တွင် သစ်အလုံးလိုက် တင်ပို့မှုကို ၂ဝ၁၄ ခုနှစ်စမှစ၍ လုံးဝ ပိတ်ပင်ခဲ့ပြီး အကြမ်းထည် မဟုတ်ဘဲ အချောထည် တင်ပို့မှုကို ဆက်လက် လုပ်ဆောင် နေဆဲဖြစ်ကြောင်း သိရသည်။ ပြည်တွင်း သစ်ထုတ်လုပ် နိုင်မှုကို စနစ်တကျ တွက်ချက်၍ ထုတ်လုပ်နိုင်သည့် အခြေအနေနှင့် ပမာဏကို ကြည့်၍ တင်ပို့မှုကို လုပ်ဆောင် သွားမည်ဖြစ်ပြီး ယခုအခါ သစ်ထုတ်လုပ်မှု ကိုလည်း ယခင် တင်ပို့သည့် ပမာဏထက် ထက်ဝက်နီးပါး အထိ လျှော့ချခဲ့ပြီး ဖြစ်ကြောင်း သဘာဝ ပတ်ဝန်းကျင် နှင့် သစ်တောရေးရာ ဝန်ကြီးဌာနမှ သိရသည်။ 

ယခင် သစ်အလုံးလိုက် တင်ပို့မှု မရပ်ဆိုင်းမီ အချိန်က မြန်မာနိုင်ငံမှ သစ်အလုံးလိုက် တင်ပို့မှု၏ ၈ဝ ရာခိုင်နှုန်းခန့်ကို အန္ဒိယနိုင်ငံ က ဝယ်ယူခဲ့သည်။ ယခုအခါတွင် သစ်အလုံးလိုက် တင်ပို့မှု ရပ်ဆိုင်းလိုက်ပြီ ဖြစ်ရာ အိန္ဒိယနိုင်ငံမှ ၄င်းတို့၏ သစ်လိုအပ်ချက် အတွက် သစ် အချောထည်လုပ် စက်ရုံများကို မြန်မာနိုင်ငံ၌ လာရောက် ရင်းနှီးမြှုပ်နှံ နေပြီဖြစ်သည်။ လက်ရှိ သစ်လုပ်ငန်းနှင့် ပတ်သက်၍ ဝင်ရောက် လာသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တွင် အန္ဒိယနိုင်ငံမှ အများဆုံး ဖြစ်ကြောင်း သိရသည်။ (၄၄၃)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment