Pages

Sunday, September 28, 2014

အဓိပ္ပာယ် ကွဲပြား ခြားနားပါသည်


အဓိပ္ပာယ် ကွဲပြား ခြားနားပါသည်

ယောနသံ

နံနက်အိပ်ရာ ထပြီဆိုလျှင် တဒေါက်ဒေါက် နှင့် အိမ်ခေါင်မိုး သွပ်ဖီပေါ်တွင် ချိုး၊ ဆက်ရက်၊ စွေ့၊စာကလေး ငှက်ပေါင်းစုံ တို့သည် သမီး ပစ်ထားသော ဆန်၊ ဆန်ကွဲ၊ ထမင်း တို့ကို အလုအယက် စားသောက် ကြရာ ဤအသံလေး သည် သာယာ နာပျော်ဖွယ် ကောင်းသော နေ့စဉ် ဂီတသံ တစ်ခုပါပေ။

ကျွန်တော်တို့ မိသားစုသည် တိရစ္ဆာ န် များကို ချစ်၏။ ထို့ကြောင့်လည်း အိမ်တွင် ခွေးနှင့် ကြောင် များကို သီးသန့် ချက်ပြုတ်၍ ကျွေးမွေး စောင့်ရှောက် သောကြောင့် ကြောင်မကြီး တစ်ကောင် တည်းမှ ကြောင်အကောင် ၂ဝ ရှိလာပြီး ခွေးမကြီး တစ်ကောင်တည်း မှ ခွေးကလေး ငါးကောင် ဖြစ်လာသည်။ ကြောင်မကြီး မွေးစဉ်က ပထမဆုံး ကြောင်လေး လေးကောင် ပေါက်ဖွားသည်။ ထို့ကြောင့် ကြောင်လေးများ ထမင်း စစားသော အချိန်တွင် ကြောင်မကြီး သည် ထမင်း မစားဘဲ သူ၏ ကလေးငယ်များ စားသည်ကို ဝပ်၍ ကြည့်ပေး နေသည်။ ထိုအချိန်တွင် ခွေးမကြီး သည် ကြောင် ကျွေးသော ထမင်းကို လုစားရန် လာရာ ကြောင်မကြီးက တခွီးခွီးဖြင့် မာန်ဖီ၍ ခုပ်လေ သောကြောင့် အင်အား ကြီးသော ခွေးမကြီးသည် သားသမီး ဇောဖြင့် ဒေါသတကြီး မာန်ဖီ နေသော ကြောင်မကြီးကို အရှုံးပေး၍ လှည့်ပြေး ရလေတော့သည်။ ကြောင် ကလေးများ အေးချမ်းစွာ စားသောက်ပြီး သောအခါမှ ကျန်သော ထမင်းကို ကြောင်မကြီးက စားခြင်း ပြုသည်။

ထိုသို့ပင် အနှီ ခွေးမကြီးသည် သားသမီး လေးကောင် ပေါက်ဖွား လေသည်။ ထို ခွေးလေးများ ထမင်းစစားစဉ် ကာလ အိမ်သို့ ထမင်း အမြဲလာ စားလေ့ ရှိသော အခြားအိမ်မှ ခွေးထီးကြီး က ပြေးလာလေရာ ခွေးမကြီး သည် မာန်ဖီ၍ ထိုးဟောင်ကာ ဒေါသတကြီး ရန်ပြုသဖြင့် အင်အား ကြီးသော ခွေးထီးကြီး ထွက်ပြေး ရလေ တော့သည်။ ထိုခွေးမကြီး နှင့် ကြောင်မကြီး တို့သည် သားသမီးများ မွေးဖွားစဉ် ကာလများ ၌လည်း ကလေးများ အနားမှ တစ်ဖဝါးမှ မခွာဘဲ နို့တိုက်ချိန် အချိန်မှန် တိုက်၍ သူတို့၏ လျှာဖြင့် ကလေးငယ် များကို ယုယုယယ ပြုစု စောင့်ရှောက် ပေး၏။

အဟိတ် တိရစ္ဆာ န်ပင် ဖြစ်လင့်ကစား သားသမီး အပေါ် ထားအပ်သော မေတ္တာ တရားသည် အံ့သြဖွယ် ကောင်းလေစွ။

ကျွန်တော်တို့ အိမ်မျက်နှာစာ တွင် သကြားပင် ရှိသည်။ ထိုသကြားပင် သို့ ငှက်အပေါင်း တို့သည် သကြားသီးမှည့် များကို လာရောက် စားသောက် ကြလေသည်။ ထိုသို့ စားသောက် နားခိုကြရင်း ၄င်းတို့ကို ရန်မပြု သည်ကို သိရှိ လာပြီးနောက် သကြားပင် ခွဆုံတွင် ချိုးမကြီး တစ်ကောင်က အသိုက် ပြုလုပ်၍ ဥကလေး နှစ်ဥကို ဥထားပြီး နေ့စဉ် လာဝပ် ပေးသည်။ ထိုသို့ ဥ ဥထား သည်ကို ကျွန်တော်တို့ မိသားစုက သိရှိလေ သောကြောင့် ကြောင်များ၏ရ န်ကို အမြဲကာကွယ် ပေးရသည်။ သို့ဖြင့် ထိုဥလေးမှ ချိုးကလေး နှစ်ကောင် ပေါက်ဖွား လာသည်။ ထိုချိုးမကြီးသည် ကလေးငယ် များကို အချိန်မှန် အစာခွံ့ကျွေးသည် ကိုလည်း တွေ့ရှိ နေရသည်။

တစ်ရက်သော နံနက်ခင်း တွင် ချိုးမကြီး ကလည်း အစာရှာ ထွက်ခိုက် ကျွန်တော် တို့ကလည်း အလုပ်များ နေချိန် လှစ်ခနဲ အိမ်မှ ကြောင်တစ် ကောင်သည် သကြားပင် ခွကြားသို့ ပြေးတက်ကာ ငှက်ကလေး များကို
ကိုက်ချီလေရာ အောက်ရောက်မှ ကျွန်တော် တို့က သိရသဖြင့် ဘယ်လိုမှ လုပ်မရ တော့ပြီ။ မွေးကင်း ပေါက်စလေး များမှာ ကြောင်၏ ဝါးမျိုခြင်းကို ခံရရှာ လေတော့သည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုအချိန် ချိုးမကြီး ကလည်း ရောက်ရှိလေရာ သူ၏ သားသမီး များကို မတွေ့၍ ပျာယာခတ်ပြီး ဟိုကိုင်း ကူးလိုက် သည်ကိုင်း ကူးလိုက် ဖြစ်နေချိန်တွင် သကြားသီး လာစားနေကြ ရှဥ့်ကလေး နှစ်ကောင် ကလည်း သရက်ပင် ပေါ်မှ ခုန်ကူး အလာ ချိုးမကြီး သည် မိမိ၏ သားသမီး များကို စားသည်မှာ သူတို့ပဲ ဖြစ်ရမည်ဟု ယူဆပုံရ လေသည်။ ၄င်း ရှဥ့်နှစ်ကောင် ကို တဖြောင်းဖြောင်း နှင့် ဒေါသတကြီး ခွပ်ရာ ၄င်း၏ အမွေးများပင် ကျွတ်ထွက်ကာ အသံများလည်း ဆူညံနေပြီး ရှဥ့်နှစ်ကောင် လည်း ထွက်ပြေး ရလေသည်။ ထို ချိုးမကြီး၏ အဖြစ်ကြောင့် ထိုနေ့က စိတ်မကောင်းခြင်း များစွာ ဖြစ်နေသည့် ကျွန်တော့် ရင်ထဲ၌ ဝင်လာသော အတွေးစ များက နေ့စဉ် သတင်းစာ၊ ဂျာနယ် တို့တွင် ယခု တစ်လော ဖတ်ရှုရသည့် သတင်းများ ရေမြောင်း ဘေး၌ လည်းကောင်း၊ အမှိုက်ပုံ ဘေး၌ လည်းကောင်း၊ ကားကြီးဝင်း၌ လည်းကောင်း မွေးကင်းစ ကလေးငယ် များကို စွန့်ပစ်ကြသော မနုဿ လူသားများ၊ မိဘ ကိုယ်တိုင် သဘောတူ၍ ပေးအပ် လိုက်သည့် လူကုန်ကူး မှုများ၊ ပြည်တွင်း ပြည်ပ သတင်းစာ မျက်နှာများ ပေါ်တွင် ဒုနှင့်ဒေး တွေ့ရသည်မှာ ဝမ်းနည်းဖွယ် ကောင်းလေစွ။ ထိုနေ့ တစ်နေ့လုံး ချိုးမကြီး၏ သားသမီး ဇောကြောင့် ပူဆွေး သောက ဖြစ်နေပုံကို ကြည့်၍ ရင်ထဲ မကောင်းသလို မေတ္တာဓာတ် ခန်းခြောက် သွားသူတို့၏ စွန့်ပစ်ခံ လူသား ကလေးငယ်များ အတွက်လည်း ရင်ထဲ မကောင်း။

မည်သို့ဆိုစေ ကြောင်မကြီး သည် သားသမီးကို ကာကွယ်၏၊ စောင့်ရှောက်၏။ ခွေးမကြီး သည်လည်း ထိုနည်း အတူ၊ ချိုးမကြီး ဆိုလျှင် ဆိုဖွယ်ရာ မရှိတော့ပေ။ အဟိတ် တိရစ္ဆာ န် တို့၏ သားသမီးအပေါ် ထားအပ်သော မေတ္တာ ဓာတ်သည် ကြက်သီး မွေးညင်း ထအောင်ကို ကြောက်ခမန်း လိလိ။ မေတ္တာဓာတ် ခန်းခြောက် သွားသော အချို့ ဣတ္ထိယ တို့၏ ရင်သွေး ကို စွန့်ပစ်မှု သည်လည်း ကြက်သီး မွေးညင်း ထလောက်အောင် ကို ကြောက်ခမန်း လိလိပင် ဖြစ်တော့သည်။ သို့သော်...

#Yadanarpondaily

No comments:

Post a Comment