Pages

Sunday, September 28, 2014

အင်းလေးဖောင်တော်ဦး ဘုရားပွဲတော်ရက် များတွင် ပြည်တွင်း ပြည်ပ ခရီးသွားများဖြင့် စည်ကားလျက်ရှိ



ညောင်ရွှေ ၊ ၂၈-၉-၂၀၁၄

ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ် အတွင်းရှိ အင်းလေးကန် သည် မြန်မာနိုင်ငံ သာမက ကမ္ဘာကပါ စိတ်ဝင်စားပြီး အာရှ၊ ဥရောပ ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များ၊ ပြည်တွင်း ဘုရားဖူး ခရီးသွားများ နှင့် စက်တင်ဘာ ဒုတိယပတ်မှ စတင်၍ စည်ကားလျက် ရှိကြောင်း သိရသည်။

အဆိုပါ ပြည်တွင်း ပြည်ပ ခရီးသွား ဧည့်သည်များသည် ခေတ်စနစ် ပြောင်းလဲ လာသည်နှင့် အညီ ယခင်က အာရှနိုင်ငံများ ကသာ အင်းလေး ဖောင်တော်ဦး မြတ်စွာဘုရား ရုပ်ရှင် တော်မြတ် ၂၁ ဌာနသို့ ဒေသစာရီ ကြွချီ ပူဇော်ခံရာတွင် ဘုရားပင့် ဆွဲလှေများ ခြေဖြင့် လှော်ခတ်မှုကို စိတ်ဝင်စားစွာ လာရောက် ကြည့်ရှု၍ မှတ်တမ်း ဓာတ်ပုံ၊ ဗီဒီယိုများ ရိုက်ကူးကြပြီး ၂ဝ၁၂ ခုနှစ် နောက်ပိုင်းတွင် ဥရောပ နိုင်ငံများ ကပါ စိတ်ဝင်စား လာကာ အင်းလေး ဖောင်တော်ဦး မြတ်စွာ ဘုရားကြီး ၂၁ ဌာနသို့ ဒေသစာရီ ကြွချီရာ ပွဲတော်ရက်သို့ လာရောက် ကြပြီး ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း များကို နီးစပ်ရာ ခရီးသွား လုပ်ငန်း ကုမ္ပဏီများနှင့် ချိတ်ဆက်၍ ကြိုတင် အခန်းများမှာ ယူခြင်းနှင့် ရှမ်းပြည်နယ် အတွင်းရှိ တန်ခိုးကြီး ဘုရားများ၊ အင်းလေးဒေသ ရှိ ရိုးရာ စိုက်ပျိုးမှု လုပ်ငန်း၊ ရိုးရာလ က်မှုပညာ၊ အင်းလေးကန် ပတ်ဝန်းကျင် သဘာဝ တောတောင် ရှုခင်းအလှ များကို စက်လှေ၊ စက်ဘီး၊ မော်တော် ယာဉ် စသည်တို့ဖြင့် အင်းလေးဒေသ ဟိုတယ် များတွင် အခြေပြု လည်ပတ်၍ အမှတ်တရ မှတ်တမ်းတင် ခြင်းများ ပြုလုပ်ကြ ကြောင်း သိရသည်။

အင်းလေး ကန်သည် လွန်ခဲ့သော နှစ်ပေါင်း ၇ဝဝ ကျော်ကပင် တည်ရှိခဲ့ပြီး ရှေးဟောင်း သမိုင်းဝင် ပန်းချီ၊ ပန်းပု လက်ရာများနှင့် ရှေးဟောင်း စေတီပုထိုးများ၊ ပန်းတမော့ လက်ရာများကို လေ့လာခြင်း နှင့် ရိုးရာ လက်မှု လုပ်ငန်းများ၊ ကျွန်းမျောများ ပေါ်တွင် ခရမ်းချဉ် စိုက်ပျိုးမှု၊ အင်းလေးကန်၏ စတုရန်းမိုင် အကျယ်အဝန်း များကိုပါ လေ့လာမှုများ ရှိကြောင်း ဧည့်လမ်းညွှန် တစ်ဦးထံမှ သိရသည်။ (၄ဝ၅)

#Yadanarpondaily

No comments:

Post a Comment