Pages

Friday, September 19, 2014

မြန်မာနိုင်ငံသို့ နိုင်ငံတကာ ခရီးသွားဧည့်သည်များ ၀င်ရောက်မှုတွင် အမေရိကန် နှင့် ဥရောပ နိုင်ငံများမှ ထိပ်ဆုံးက ဦးဆောင်




ရန်ကုန် ၊ ၁၉-၉-၂၀၁၄

မြန်မာနိုင်ငံသို့ အနောက်နိုင်ငံ များမှ လာရောက် လည်ပတ်ကြသည့် နိုင်ငံတကာ ခရီးသွား ဧည့်သည်များ တွင် အမေရိကန် နှင့် ဥရောပ ခရီးသွားများမှာ ထိပ်ဆုံးမှ ဦးဆောင် နေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရသည်။

''အခုအချိန်မှာ အများဆုံး ဝင်လာတာက အမေရိကန် နိုင်ငံသားတွေ ဖြစ်တယ်။ ဥရောပ နိုင်ငံတွေဖြစ်တဲ့ ဂျာမနီ၊ ပြင်သစ်၊ အီတလီ တို့မှ ၃ ရာခိုင်နှုန်း၊ ၄ ရာခိုင်နှုန်း ရှိနေတဲ့ အချိန်မှာ အမေရိကန်က လက်ရှိ ၆ ရာခိုင်နှုန်း ကျော်သွားပါပြီ'' ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

နိုင်ငံတကာ နှင့် သံတမန် ဆက်ဆံရေး ပိုမိုကျယ်ပြန့် လာသော မြန်မာနိုင်ငံ အနေဖြင့် လက်ရှိတွင် တိုက်ရိုက် သံတမန် ဆက်သွယ်မှု ရှိသည့် နိုင်ငံပေါင်း ၅ဝ ကျော် ရှိနေကြောင်း၊ လက်ရှိ အချိန်၌ ခရီးသွား ဧည့်သည် ဝင်ရောက်မှု ကဏ္ဍတွင် သံတမန် အဆက်အသွယ် မရှိသည့် နိုင်ငံများပါ ဝင်ရောက် နေကြောင်းလည်း သိရသည်။

''အခုအချိန်က မြန်မာနိုင်ငံရဲ့ပြောင်းလဲလာတဲ့ အခြေအနေ တွေနဲ့အတူ ၂ဝ၁၁ ခုနှစ် ကစပြီး တဖြည်းဖြည်း တိုးတက် လာပါတယ်။ တိုက်ရိုက် သံတမန် ဆက်သွယ်မှု မရှိတဲ့ စပိန် နိုင်ငံကတောင် ခရီးသွား ဧည့်သည်တွေ လာရောက် ကြတာတွေ ရှိပါတယ်'' ဟု လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ပြည်တွင်း ခရီးသွား ဧည့်သည်များ ဝင်ရောက်မှု အခြေအနေမှာ ၂ဝ၁၂ ခုနှစ်တွင် ၁ သန်းကျော်သာ ဝင်ရောက် ခဲ့ရာမှ ပြီးခဲ့သည့် နှစ်တွင် စုစုပေါင်း ၂ ဒသမ ဝ၄ သန်း ဝင်ရောက် ခဲ့ကြောင်း သိရသည်။ ယခုနှစ် သြဂုတ်လကုန်အထိ ခရီးသွား ဧည့်သည် ဝင်ရောက်မှု စာရင်းတွင် ၁ ဒသမ ၈ သန်း ဝင်ရောက်ခဲ့ပြီး ဖြစ်ရာ နှစ်ကုန်အထိ ၃ သန်း ဝင်ရောက်ရန် ဟိုတယ် နှင့် ခရီး သွားလာရေး ဝန်ကြီးဌာနမှ ခန့်မှန်း ထားကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ် ခရီးသွား ဧည့်သည် ဝင်ရောက်မှု ၂ ဒသမ ဝ၄ သန်းတွင် လေကြောင်းဖြင့် ဝင်ရောက်မှုမှာ ၁ သန်းပင် မပြည့် သော်လည်း ယခုနှစ် လက်ရှိ အချိန်အထိ ဝင်ရောက် နေသည့် ခရီးသွား ဧည့်သည် ၁ ဒသမ ၈ သန်းကျော်တွင် လေကြောင်းဖြင့် ဝင်ရောက်မှု နှုန်းမှာ ၁ သန်းကျော် ရှိပြီ ဖြစ်ကြောင်း သိရသည်။ (၄၄၃)

#Themyawadydaily

No comments:

Post a Comment