Pages

Saturday, September 20, 2014

ပျောက်ဆုံး တောင်တက်သမား နှစ်ဦးအားရှာဖွေရန် ကယ်ဆယ်ရေးအဖွဲ့များ ထပ်မံရောက်ရှိ


ရန်ကုန် ၊ ၂၀-၉-၂၀၁၄

ထူးဖောင်ဒေးရှင်း ၏ ဆက်သွယ် ခေါ်ယူမှုဖြင့် ပျောက်ဆုံးနေသော တောင်တက်သမား နှစ်ဦးအား ရှာဖွေ ကယ်ဆယ်ရန် အတွက် မြန်မာ့ ရေမြေ သဘာဝကို သိရှိပြီး ဂမ်လန်ရာဇီ တောင်ထိပ်ကို အောင်မြင်စွာ တက်ရောက်ဖူးသည့် အမေရိကန် နိုင်ငံမှ ကယ်ဆယ်ရေး တောင်တက် အဖွဲ့ဝင်တစ်ဦး ပါဝင်သော အဖွဲ့သည် ယမန်နေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ သို့ ရောက်ရှိ လာကြောင်း သိရသည်။

ထို့ပြင် ယမန်နေ့ နံနက် ၁၁ နာရီတွင် နီပေါနိုင်ငံမှ တောင်တက် ကယ်ဆယ်ခြင်း လုပ်ငန်းများကို ကျွမ်းကျင်သည့် ရဟတ်ယာဉ်မောင်း နှစ်ဦးနှင့် ဧဝရက် တောင်ထိပ် တက်ရောက်သူ များကို လမ်းပြ ပေးခဲ့သည့် ကျွမ်းကျင်ေ တာင်တက်သမား နှစ်ဦးလည်း ရန်ကုန်မြို့ သို့ ရောက်ရှိ လာခဲ့သည်။ သို့ဖြစ်၍ ယနေ့ ရောက်ရှိ လာကြသော အမေရိကန် နှင့် နီပေါမှ ကယ်ဆယ် ရှာဖွေရေး အဖွဲ့နှစ်ဖွဲ့သည် ယမန်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မှ ပူတာအိုသို့ ထူးဖောင်ဒေးရှင်းမှ စီစဉ်ပေးသည့် လေယာဉ်ဖြင့် ချက်ချင်း ထွက်ခွာ ခဲ့ကြကြောင်း သိရသည်။

ထိုမှ တစ်ဆင့် ခါကာဘိုရာဇီတောင် နှင့် အနီးဆုံး ရွာဖြစ်သော တဟုန်ဒမ်း ကျေးရွာသို့ ထူးဖောင်ဒေးရှင်း မှ ရဟတ်ယာဉ် များဖြင့် ထွက်ခွာပြီး ထူးဖောင်ဒေးရှင်း နာယက ဦးတေဇ ခေါင်းဆောင်သော ကယ်ဆယ်ရေး အဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရှိရသည်။ 

အိအိမြတ်

#Themyawadydaily

No comments:

Post a Comment