Pages

Saturday, September 20, 2014

မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ် အဆင့်မြှင့်တင်မည်


ရန်ကုန် ၊ ၂၀-၉-၂၀၁၄

ပို့ဆောင်ရေး ဝန်ကြီးဌာန အောက်ရှိ မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်သည် သုံးနှစ်တာ ကာလအတွင်း တည်ဆောက်ရေး လုပ်ငန်းများ အနေဖြင့် Marine Hydrodynamic Center ( Towing Tank ) ၊ Laboratory ၊ စစ်ရေးပြကွင်း များကို တည်ဆောက် ပေးနိုင်ခဲ့ပြီး ယခုအခါ တက္ကသိုလ် စာသင်ဆောင်များ၊ လက်တွေ့ ဓာတ်ခွဲခန်းများ နှင့် အလုပ်ရုံ များအား အဆင့် မြှင့်တင်မှုများ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်မှ သိရသည်။

မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ် သည် ရေကြောင်း ပညာဖြင့် ကျင့်ဝတ်သိက္ခာ နှင့် ပြည့်စုံပြီး ကျွမ်းကျင်သော ရေကြောင်း ပညာရှင်များကို မွေးထုတ် ပေးရန်၊ ရေကြောင်း ပညာရပ်များ ဖွံ့ဖြိုးတိုးတက် ရေးအတွက် လိုအပ်သည့် သုတေသန လုပ်ငန်းများကို ဆောင်ရွက်ရန် စသည့် လုပ်ငန်းများကို လုပ်ကိုင် ဆောင်ရွက်လျက် ရှိပြီး ယခုအခါ ယင်းတက္ကသိုလ်အား အဆင့် မြှင့်တင်မှုများ ဆောင်ရွက် သွားမည် ဖြစ်သည်။

ယင်းသို့ မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်အား အဆင့် မြှင့်တင်ရာတွင် လက်ရှိတွင် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြား နိုင်ရေးအတွက် စာသင်ဆောင် ငါးဆောင်၊ စာသင်ခန်းမ နှစ်ခုဖြင့် သင်ကြားလျက် ရှိပြီး လက်တွေ့ ဓာတ်ခွဲခန်း များအနေဖြင့် ဓာတုဗေဒ၊ ရူပဗေဒ၊ ကွန်ပျူတာ၊ အင်္ဂလိပ်စာ နှင့် အလုပ်ရုံများ သာမက အင်ဂျင်နီယာ ဆိုင်ရာ ဓာတ်ခွဲခန်း အစရှိသည် များကို အဆင့်မြှင့်တင် ဆောင်ရွက် သွားမည် ဖြစ်သည်။ ထို့အပြင် အလုပ်ရုံ တွင်လည်း စက်ကိရိယာ ပစ္စည်းများ ထပ်မံ တပ်ဆင်နိုင်ရေး နှင့် ကျောင်းသားများ လက်တွေ့ လေ့ကျင့်ရေးအတွက် လိုအပ်သည့် စက်ကိရိယာ များကိုလည်း တပ်ဆင် ပေးနိုင်ရေး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်မှ သိရသည်။

လက်ရှိတွင် တက္ကသိုလ်မှ နိုင်ငံခြား သင်္ဘော ကုမ္ပဏီများ နှင့် သဘောတူ စာချုပ် ချုပ်ဆို၍ ပညာသင်ဆုများ ပေးအပ်နိုင်ရေး ကို ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရှိရသည်။

ဇာညီသစ္စာ

#Themyawadydaily

No comments:

Post a Comment